Tanintharyi Gallery အကြောင်း

တနင်္သာရီဒေသအတွင်းရှိ လူမျိုးစုများ၏ သမိုင်း၊ အနုပညာ၊ ယဥ်ကျေးမှု၊ လူမှုဘဝ ဝိသေသ လက္ခဏာများကို ဖော်ထုတ် မှတ်တမ်းတင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလတွင် Tanintharyi Gallery ကို စတင်စုဖွဲ့ခဲ့သည်။

ဒေသတွင်းရှိ သက်ဆိုင်ရာ လူမျိုးစုများ၏ ပါ၀င်ပူးပေါင်းမှုဖြင့် လူမျိုးစုအသီးသီး၏ အမှတ်သရုပ်လက္ခဏာများကို ပိုမိုရုပ်လုံးဖော်နိုင်ရန်အတွက် အထောက်အကူဖြစ်သည့် အစီအစဥ်များကို အစဥ်တစိုက် လုပ်ဆောင်သွားမည် ဖြစ်သည်။

လူမျိုးစု တခုချင်းစီသည် မိမိတို့အပြင် အတူနေ လူမျိုးစုများ၏ ဖြစ်တည်မှုနှင့် လာရာဇစ်မြစ်ကို နားလည်းခြင်းသည် လူမှုသဟဇာတဖြစ်မှု၏ အခြေခံ ဖြစ်သည်ဟု Tanintharyi Gallery က ယုံကြည်သည်။

Tanintharyi Gallery ကို အဖွဲ့၀င်များဖြင့် စုစည်းထားသည့် အဖွဲ့အစည်းပုံစံဖြင့် စုဖွဲ့လုပ်ကိုင်နေသည်။

ရည်ရွယ်ချက် (Objective)

တနင်္သာရီဒေသ၏ သမိုင်း၊ အနုပညာ၊ ယဥ်ကျေးမှု၊ လူမှုဘဝနှင့် သက်ဆိုင်သည့် မှတ်တမ်းများကို ရှာဖွေစုစည်းခြင်း၊ တင်ဆက်ခြင်း၊ လူထုပါ၀င်မှုကို ဖိတ်ခေါ်ခြင်းဖြင့် လူမျိုးစုအသီးသီး၏ အမှတ်သရုပ်လက္ခဏာများကို ပိုမိုရုပ်လုံးဖော်နိုင်ရန်အတွက် ဖြစ်သည်။

အစီအစဥ်များ (Programs)

တနင်္သာရီကို ပြန်လည်စူးစမ်းခြင်း
(Re-Exploring Tanintharyi)

အနုပညာနှင့် ယဥ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲများ (Art & Culture Competition)

တနင်္သာရီမော်ကွန်းတိုက်
(Tanintharyi Archive)

အဖွဲ့၀င် အစီအစဥ်
(Membership Program)

ဆက်သွယ်ရန်

    Dawei City, Tanintharyi Division, Myanmar.