တနင်္သာရီ ပြခန်း အဖွဲ့၀င် အစီအစဥ်

Tanintharyi Gallery Membership Program

ဘာကြောင့် အဖွဲ့၀င် အစီအစဥ် လုပ်တာလဲ

  • တနင်္သာရီတိုင်းနဲ့ ပတ်သက်တဲ့ အနုပညာ၊ ယဥ်ကျေးမှု၊ သမိုင်း၊ စာအုပ်စာပေနဲ့ မှတ်တမ်းမှတ်ရာတွေကို ပြန်လည် စုစည်းနိုင်ဖို့အတွက်ဆိုရင် တဦးတယောက်တည်း အားနဲ့လည်း မရပါဘူး။
  • တခြားအဖွဲ့အစည်းများကို မှီခိုတဲ့ နည်းလမ်းသည်လည်း ရေရှည်အတွက် အဆင်မပြေနိုင်ပါဘူး။
  • ဒါကြောင့် ကိုယ့်ဒေသအရေးကို ကိုယ့်ဒေသသားတွေရဲ့ တယောက်တလက် ပါ၀င်အားနဲ့ လုပ်ဖို့ “အဖွဲ့၀င် အစီအစဥ်” ကို လုပ်ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ဘယ်လို ပါ၀င်လို့ရလဲ

(၁) လစဥ်ကြေး ထည့်၀င်ခြင်း
(၂) ကျွမ်းကျင်ရာ လုပ်အားဖြင့် ပါ၀င်ခြင်း

ဘာတွေ အသိအမှတ်ပြုမှာလဲ

(၁) အဖွဲ့၀င် ကတ်ပြား
(၂) ၃ လတကြိမ် သတင်းလွှာ
(၃) နှစ်ပတ်လည် လက်ဆောင်

လစဥ် အဖွဲ့၀င်ကြေး ဘယ်လို ထည့်ရမလဲ

  ၃ လစာ ၆ လစာ ၁ နှစ်စာ
Dimond အဖွဲ့၀င် ဘတ် ၃၀၀ ဘတ် ၆၀၀ ဘတ် ၁၀၈၀
Gold အဖွဲ့၀င် ဘတ် ၁၅၀ ဘတ် ၃၀၀ ဘတ် ၅၄၀
Sliver အဖွဲ့၀င် ၇၅ ဘတ် ဘတ် ၁၅၀ ၂၇၅ ဘတ်

ကျွမ်းကျင်ရာ လုပ်အားနဲ့ ဘယ်လို ပါ၀င်နိုင်လဲ

တနင်္သာရီတိုင်းနဲ့ ပတ်သက်တဲ့ အနုပညာ၊ ယဥ်ကျေးမှု၊ သမိုင်း၊ စာအုပ်စာပေနဲ့ မှတ်တမ်းမှတ်ရာတွေကို ပြန်လည် စုစည်းနိုင်ဖို့အတွက် လိုအပ်တဲ့ ဘယ်လို ကျွမ်းကျင်မှုမျိုးနဲ့ မဆို ပါ၀င်နိုင်ပါတယ်။ ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်ချက်အတွက် အသိပေးဖိတ်ခေါ်မှုတွေကို တနင်္သာရီပြခန်းက အခါအားလျော်စာ လုပ်သွားပါမယ်။