တနင်္သာရီကို ပြန်လည်စူးစမ်းခြင်း (Re-Exploring Tanintharyi)

တနင်္သာရီ ဒေသအတွင်းရှိ သမိုင်း၊ အနုအညာ ၊ ယဉ်ကျေးမှုနှင့် လူမူဘ၀အကြောင်းများကို ရေးသားထားသော စာရေးဆရာများ၊ ဒေသခံများ၊ သုတေသီများ၏ ဆောင်းပါးများ၊ သုတေသနအခြေခံ စာတမ်းမျာ၊ သတင်းအချက်အလက်များ၊ မှတ်စုမှတ်ရာများ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အသံမှတ်တမ်းများဖြင့် တနင်္သာရီဒေသကို တစ်ဖက်တစ်လမ်းက ပြန်လည်ဖော်ထုတ်မည့် အစီအစဥ် ဖြစ်သည်။

အနုပညာနှင့် ယဥ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲများ (Art & Culture Competition)

တနင်္သာရီဒေသရှိ မြို့ရွာဒေသအလိုက် ကွဲပြားစုံလင်သည့် အနုပညာဖန်တီးမှုများ၊ ယဥ်ကျေးမှုဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းမည့် အစီအစဥ်ဖြစ်သည်။

တနင်္သာရီမော်ကွန်းတိုက် (Tanintharyi Archive)

တနင်္သာရီဒေသအတွင်းရှိ လူမျိုးစုများ၏ သမိုင်း၊ အနုပညာ၊ ယဥ်ကျေးမှု၊ လူမှုဘဝ ဝိသေသ လ က္ခဏာများကို ဖော်ညွှန်းသည် ဆောင်းပါးများ၊ သုတေသနအခြေခံ စာတမ်းများ၊ သတင်းအချက်အလက်များ၊ မှတ်စုမှတ်ရာများ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အသံမှတ်တမ်းများကို ဒစ်ဂျစ်တယ်မှတ်တမ်းအဖြစ် စုစည်းသိမ်းဆည်းပြီး ဖော်ပြသည့် အစီအစဉ်တစ်ခုဖြစ်သည်။

အထက်ပါ မှတ်တမ်းများ၏ “မူပိုင်ခွင့်” မူရင်းဖန်တီးသူသာ ဖြစ်ပါသည်။

အဖွဲ့၀င် အစီအစဥ် (Membership Program)

Tanintharyi Gallery သည် အဖွဲ့၀င်များဖြင့် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အစီအစဥ်များကို အဖွဲ့၀င်များထည့်၀င်ကြသည့် လစဥ်ကြေး၊ နှစ်စဥ်ကြေးဖြင့် ဆောင်ရွက်မည် ဖြစ်သည်။

ထို့သို့ ထည့်၀င်ခြင်းဖြင့် Tanintharyi Gallery က ဖော်ဆောင်သည့် အစီအစဥ်များကို ရေရှည် စိုက်လိုက်မတ်တပ် အကောင်အထည်နိုင်မည် ဖြစ်သည်။