ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲ

🔹ရည်ရွယ်ချက်

တနင်္သာရီဒေသရှိ မြို့/ရွာဒေသအလိုက် ကွဲပြားစုံလင်သည့် အစားအသောက် ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် ဖြစ်သည်။

🔹ပြိုင်ပွဲအကြောင်းအရာ

▪️စားစရာ အမျိုးအစား - ငပိအခြေခံ စားစရာ

📍ငပိသုပ်၊ ငပိဖုတ်ဆီဆမ်း၊ ငပိထောင်း၊ ငပိထမင်းနယ်၊ ငပိထမင်းကြော် စသည်ဖြင့် ငပိကို

“ပရိသတ်အား အပေးဆုံးဆု” အမျိုးအစား တခုကိုသာ “ပထမ” “ဒုတိယ” “တတိယ” “နှစ်သိမ့်ဆု” ဟူ၍ ၄ မျိုးခွဲပြီး ချီးမြှင့်မည်။

ဆုကို ဖေ့စ်ဘုတ်တွင် ပရိသတ်များက သက်ဆိုင်ရာ ပြိုင်ပွဲ၀င် ဗီဒီယိုကိုအားပေးသည့်  စုစုပေါင်း “View” အရေအတွက်အပေါ်မူတည်ပြီး တွက်ချက် ချီးမြှင့်ပါမည်။ အဆိုပါ စုစုပေါင်း “View”  အရေအတွက်မှအပ အခြားအချက်များဖြစ်သည့် “Reach” “Interactions” “Link Click” တို့ကို ထည့်သွင်း စဥ်းစားမည် မဟုတ်ပါ။

ပြိုင်ပွဲ၀င်စာရင်း

ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲဝင်များစာရင်း အသိပေးခြင်း

ပြိုင်ပွဲဝင်ရောက်သူ ၁၀ ဦးရှိပါသည်။ ထိုစာရင်းကို ဖော်ပြပေးလိုက်ပါသည်။

ပြိုင်ပွဲ၀င်ဗီဒီယိုများကို မေလ ၁ ရက်နေ့မှစပြီး တစ်ရက်ကို တစ်ပုဒ်နှုန်းဖြင့်ဖော်ပြပါမည်။ မနက်ပိုင်း ၈ နာရီ(ထိုင်းအချိန်) မှာ Tanintharyi Gallery Facebook တွင် ဖော်ပြပါမည်။

ပြိုင်ပွဲ၀င်ဗီဒီယိုများကို ပြိုင်ပွဲ စည်းကမ်း သတ်မှတ်ချက်များကြေညာထားသည့်အတိုင်း ဦးဆုံးပေးပို့သည့် ဗီဒီယိုကို အရင်ဆုံး ဖော်ပြပါမည်။

ပြိုင်ပွဲ၀င် ဗီဒီယိုများ စုစုပေါင်း “View” ကို မေလ ၃၁ ရက်နေ့ ၊ ညနေ ၅ နာရီ (ထိုင်းအချိန်) တွင် တွက်ချက်ပါမည်။

ဆုရရှိသူများစာရင်းကို ဇွန်လ ၈ ရက်နေ့တွင် ကြေညာမည်။

ဆုရရှိသူများ စာရင်း

ငပိအခြေခံ စားစရာချက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

ပြိုင်ပွဲစည်းကမ်း သတ်မှတ်ချက်အရ ပြိုင်ပွဲ၀င် ဗီဒီယို စုစုပေါင်း “View” ကို မေလ ၃၁ ရက်နေ့၊ ညနေ ၅ နာရီ (ထိုင်းအချိန်)တွင် တွက်ချက်ပြီး ဆုရွှေးချယ်လိုက်ပါသည်။

ဆုရရှိသူများစာရင်း

ပထမဆု - သင်္ဘောသီး မရမ်းပြား ငပိသုပ် ( မွှေစိန်မများ)
ဒုတိယဆု - ဇင်းသီးလောင်းစီ ပိထောနယ်န ရှုပ်ဟမ်းရှိုး ( ဆွေ)
တတိယဆု - ငါးခူတပေသီးငပိချက် (ဆန်းသူရိန်)
နှစ်သိမ့် ၁ - သစ်တိုသီး ငပိကြော်နှင့် သီးစုံသနပ် ( ကိုစည်)
နှစ်သိမ့် ၂ - ငပိထောင်းနဲ့ ချဉ်ပေါင်ပန်းကျို (အောင်ကျော်သက်)
နှစ်သိမ့် ၃ - ငပိထောင်း

ဆုရရှိသူများ အားလုံးကို ဂုဏ်ယူပါသည်။ နောက်ထပ်ပြိုင်ပွဲများတွင် ပြန်လည်ဆုံတွေ့နိုင်မည်ဟု မျှော်လင့်ပါသည်။

တစ်ဦးချင်းစီရဲ့ ပြိုင်ပွဲဝင် ဗီဒီယို စုစုပေါင်း “View” ကို ကွန်မန်းတွင် ဖော်ပြထားပါသည်။

ဆုရ ဗီဒီယိုများ

ပထမဆု – သင်္ဘောသီး မရမ်းပြား ငပိသုပ် ( မွှေစိန်မများ)

ဒုတိယဆု – ဇင်းသီးလောင်းစီ ပိထောနယ်န ရှုပ်ဟမ်းရှိုး ( ဆွေ)

တတိယဆု – ငါးခူတပေသီးငပိချက် (ဆန်းသူရိန်) .

နှစ်သိမ့် ၁ – သစ်တိုသီး ငပိကြော်နှင့် သီးစုံသနပ် ( ကိုစည်)

နှစ်သိမ့် ၂ – ငပိထောင်းနဲ့ ချဉ်ပေါင်ပန်းကျို (အောင်ကျော်သက်)

နှစ်သိမ့် ၃ – ငပိထောင်း ( Youth Light) .