ထား၀ယ်၊ မြိတ်ဒေသတွေမှာ ဆေးပေါင်းခတဲ့ နေ့/ည ဆိုတဲ့ ဓလေ့ ရှိပါသလား။
Tanintharyi Gallery ရဲ့ Youtube စာမျက်နှာတွင် တနင်္သာရီဒေသရဲ့ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ ပက်သတ်တဲ့ အကြောင်းအရာတွေကို Video/ Podcast ပုံစံတို့ဖြင့် အလျင်းသင့်သလို ဖော်ပြနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ထားပါတယ်။
အောက်ပါ Youtube ချယ်နယ် ကို Subscribe လုပ်ပြီး Video/ Podcast တွေကို ခံစားနားဆင်လို့ရပါတယ်။
တနင်္သာရီ ပြခန်းက ထား၀ယ်သီချင်းဘဏ်တိုက် အစီအစဥ်အတွက် ထား၀ယ်ဘာသာစကားနဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို စုစည်းလိုပါတယ်။
ပြန့်ကျဲနေတဲ့ ထား၀ယ်သီချင်းတွေကို တစုတစည်းတည်း စုစည်းနိုင်ဖို့နဲ့ ထား၀ယ်သီချင်းဖန်တီးသူများအချင်းချင်းကြား စုစည်းလုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
ထား၀ယ်သီချင်းနားထောင်ချင်တယ် ဘယ်နားရှာရမှန်း မသိဘူးဆိုတာမျိုး မဖြစ်တော့ဘဲ ထား၀ယ်သီချင်းတွေ နားထောင်ချင်ရင် တနင်္သာရီပြခန်းမှာ တစုတစည်းတည်းရှိတယ်ဆိုတာမျိုးဖြစ်အောင် ၀ိုင်းကြိုးစားကြရအောင်ပါ။
မိတ်ဆွေတို့ ဖန်တီးထားတဲ့ ထား၀ယ်သီချင်းတွေ ပေးပို့ဖို့ တိုက်တွန်းပါရစေ။
သတ်မှတ်ချက်အနည်းငယ်တော့ ရှိပါတယ်။
၁) ထား၀ယ်လိုနဲ့ ရေးထားတဲ့ သီချင်းဖြစ်ရပါမယ်။
၂) သင့်တင့်တဲ့ အရည်အသွေးရှိတဲ့ သီချင်း ဖြစ်ရပါမယ်။
သတ်မှတ်ချက်များကို လိုအပ်သလို ဖြည့်စွက်ပြင်ဆင်သွားမှာ ဖြစ်ပြီး ဖြည့်စွက်ပြင်ဆင်တိုင်းလည်း သက်ဆိုင်သူများကို အမြဲအသိပေးသွားမှာ ဖြစ်ပါတယ်။
သီချင်းပေးပို့လိုတယ်ဆိုရင် –
📧 Email: tanintharyigallery@gmail.com
💬 Messenger: m.me/tanintharyigallery
Tanintharyi Gallery မှာ Podcast နှင့် Video အစီအစဉ်များအတွက် အသံဖတ်ပေးမယ့် စေတနာ့ဝန်ထမ်း ခေါ်ယူပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့အထိ စိတ်၀င်စားသူ ၂၀ ဦးကျော် လာလျှောက်ထားပေးခဲ့ကြတဲ့အတွက် အလွန်ဝမ်းသာ ကျေးဇူးတင်ပါတယ်။
🎯 လျှောက်ထားနိုင်မယ့် နောက်ဆုံးနေ့
👉 စက်တင်ဘာလ ၄ ရက် ညနေ ၆ နာရီ
📢 ရွေးချယ်သူများကို အသိပေးမည့်နေ့
👉 စက်တင်ဘာလ ၅ ရက်
ကိုယ့်ဒေသအရေးအတွက် တဦးချင်းစီ၏ နိုင်ရာအားဖြင့် ပါဝင်ပံ့ပိုးလိုစိတ်ကိုလည်း Tanintharyi Gallery အနေနဲ့ လေးစား အသိအမှတ်ပြုပါတယ်။
မိတ်ဆွေများ၏ ပါ၀င်ပူးပေါင်းမှုနဲ့ ဒေသ အကျိုးအတွက် တတပ်တအား ဖန်တီးသွားကြနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Tanintharyi Gallery သည် ရှေ့ဆက်လုပ်ဆောင်မည့် Podcast (ပေါ့ကတ်စ်) နှင့် Video (ဗီဒီယို) အစီအစဉ်များအတွက် အသံသွင်းခြင်း အဆင့်များကိုအကောင်အထည်ဖော်နိုင်သည့် စေတနာဝန်ထမ်း တစ်ဦးကို လိုအပ်နေပါသည်။
🧿လိုအပ်ချက်များ
🔹ထားဝယ်လိုနဲ့ အသံဖတ်နိုင်သူ
🔹တနင်္သာရီဒေသအကြောင်းများကို စိတ်ဝင်စားသူ
🔹အသံသွင်းခြင်း၊ ဖတ်ပြခြင်း အပေါ် စိတ်ပါဝင်စားသူ
🔹စေတနာဖြင့် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ
စိတ်ဝင်စားပြီး ပါဝင်ချင်သူများကို ကြိုဆိုပါသည်
ဆက်သွယ်ရန်
📧 Email: tanintharyigallery@gmail.com
💬 Messenger: m.me/tanintharyigallery
Available on International platforms,
Tanintharyi Gallery YouTube
https://www.youtube.com/@tanintharyigallery
Artist Facebook
https://www.facebook.com/SuOGeeDwal
Artist YouTube
https://www.youtube.com/@SuOGee
Available on International platforms,
Tanintharyi Gallery YouTube
https://www.youtube.com/@tanintharyigallery
Artist Facebook
https://www.facebook.com/SuOGeeDwal
Artist YouTube
https://www.youtube.com/@SuOGee
ငပိအခြေခံ စားစရာချက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
ပြိုင်ပွဲစည်းကမ်း သတ်မှတ်ချက်အရ ပြိုင်ပွဲ၀င် ဗီဒီယို စုစုပေါင်း “View” ကို မေလ ၃၁ ရက်နေ့၊ ညနေ ၅ နာရီ (ထိုင်းအချိန်)တွင် တွက်ချက်ပြီး ဆုရွှေးချယ်လိုက်ပါသည်။
ဆုရရှိသူများ အားလုံးကို ဂုဏ်ယူပါသည်။ နောက်ထပ်ပြိုင်ပွဲများတွင် ပြန်လည်ဆုံတွေ့နိုင်မည်ဟု မျှော်လင့်ပါသည်။
တစ်ဦးချင်းစီရဲ့ ပြိုင်ပွဲဝင် ဗီဒီယို စုစုပေါင်း “View” ကို ကွန်မန်းတွင် ဖော်ပြထားပါသည်။
ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲ ဗီဒီယိုများရဲ့ “View” များကို ယနေ့ မေလ ၃၁ ရက်၊ ထိုင်းအချိန် ညနေ ၅ နာရီတွင် တွက်ချက်စာရင်းပြုစုပြီး ဖြစ်ပါသည်။
ဆုရရှိသူများ စာရင်းကို ဇွန်လ ၈ ရက်နေ့တွင် ကြေညာပါမည်။
ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲကို တနင်္သာရီဒေသရှိ မြို့/ရွာဒေသအလိုက် ကွဲပြားစုံလင်သည့် အစားအသောက် ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်နေခြင်း ဖြစ်ပါသည်။