အားပေးဂေ့ဇို့

May 11, 2025,

Tanintharyi Gallery

ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲရဲ့ ဗီဒီယို အကုန်လုံးကို ဖော်ပြထားပြီးပါပြီ။

Tanintharyi Gallery ရဲ့ Facebook တွင် ဝင်ရောက်ကြည့်ရူ အားပေးနိုင်ပါသည်။

ပြိုင်ပွဲ၀င် ဗီဒီယို စုစုပေါင်း “View” ကို မေလ ၃၁ ရက်နေ့ ၊ ညနေ ၅ နာရီ (ထိုင်းအချိန်) တွင် တွက်ချက်ပါမည်။ ဆုရရှိသူများ စာရင်းကို ဇွန်လ ၈ ရက်နေ့တွင် ကြေညာပါမည်။

ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲကို တနင်္သာရီဒေသရှိ မြို့/ရွာဒေသအလိုက် ကွဲပြားစုံလင်သည့် အစားအသောက် ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပါသည်။

ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲဝင်များစာရင်း အသိပေးခြင်း

April 25, 2025,

Tanintharyi Gallery

ပြိုင်ပွဲဝင်ရောက်သူ ၁၀ ဦးရှိပါသည်။ ထိုစာရင်းကို ဖော်ပြပေးလိုက်ပါသည်။

ပြိုင်ပွဲ၀င်ဗီဒီယိုများကို မေလ ၁ ရက်နေ့မှစပြီး တစ်ရက်ကို တစ်ပုဒ်နှုန်းဖြင့်ဖော်ပြပါမည်။ မနက်ပိုင်း ၈ နာရီ(ထိုင်းအချိန်) မှာ Tanintharyi Gallery Facebook တွင် ဖော်ပြပါမည်။

ပြိုင်ပွဲ၀င်ဗီဒီယိုများကို ပြိုင်ပွဲ စည်းကမ်း သတ်မှတ်ချက်များကြေညာထားသည့်အတိုင်း ဦးဆုံးပေးပို့သည့် ဗီဒီယိုကို အရင်ဆုံး ဖော်ပြပါမည်။

ပြိုင်ပွဲ၀င် ဗီဒီယိုများ စုစုပေါင်း “View” ကို မေလ ၃၁ ရက်နေ့ ၊ ညနေ ၅ နာရီ (ထိုင်းအချိန်) တွင် တွက်ချက်ပါမည်။

ဆုရရှိသူများစာရင်းကို ဇွန်လ ၈ ရက်နေ့တွင် ကြေညာမည်။

နှစ်သစ်ဆုတောင်း

April 17, 2025,

Tanintharyi Gallery

နှစ်သစ်ကူးအချိန်အခါ သမယမှစ၍ Tanintharyi Gallery ပရိသတ်များအပါအဝင် မြန်မာပြည်သူပြည်သားအပေါင်းသည် အမျိုးမျိုးသော ကပ်ဆိုး ဘေးဆိုးများမှ အားသစ်ခွန်သစ်ဖြင့် ရုန်းထနိုင်ကြပြီး မျှော်မှန်းထားကြသည့် ရွှေရောင်ခေတ်သစ်ဆီ အမြန်ဆုံးရောက်ရှိပါစေကြောင်း ဆုတောင်းအပ်ပါသည်။

ပြိုင်ပွဲဆုချီးမြှင့်ငွေအတွက် ထောက်ပံ့သူ ဖိတ်ခေါ်ခြင်း

March 26, 2025,

ငပိအခြေခံ စားစရာချက်ပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုငွေများအတွက် ထောက်ပံ့မည့်သူများကို ဖိတ်ခေါ်လိုပါသည်။

ထောက်ပံ့မှုကို တဦးချင်းဖြစ်စေ၊ မိတ်ဆွေများ စုပေါင်း၍ဖြစ်စေ၊ အသင်းအဖွဲ့များက ဖြစ်စေ၊ စီပွားရေးလုပ်ငန်းများက ဖြစ်စေ ထောက်ပံနိုင်ပါသည်။

🏅ထောက်ပံ့နိုင်မည့် ဆုနှင့် ချီးမြှင့်ငွေများမှာ
ပထမဆု – ကျပ် ၅ သိန်း
ဒုတိယဆု – ကျပ် ၃ သိန်း
တတိယဆု – ကျပ် ၂ သိန်း
နှစ်သိမ့်ဆု (၃ ဆု) – တဆုလျှင် ငွေကျပ် ၅ သောင်း

ထောက်ပံ့သည့်သူများကို အောက်ပါအတိုင်း အသိအမှတ်ပြု မှတ်တမ်းတင်ပါမည်။

၁) ပြိုင်ပွဲဗီဒီယိုများတင်သည့် ပို့စ်တွင် ထောက်ပံ့သူ/ ထောက်ပံ့သည့် အဖွဲ့အစည်း၏ အမည်ထည့်သွင်းခြင်း။

၂) ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း။

၃) ဆုရဗီဒီယို ထုတ်ပြန်သည့်အခါ ထောက်ပံသည့်ဆုအမျိုးအစားအလိုက် ဆုရဗီဒီယိုများတွင် ထောက်ပံ့သူ/အဖွဲ့အမည်ကို ထည့်သွင်းခြင်း။

📌ထောက်ပံ့ရန် ဆက်သွယ်ရမည့် ဗွိုင်ဗာ (Viber) နံပတ်နှင့် အမည်

▪️ဗွိုင်ဗာ (Viber) နံပါတ် – +66650618236
▪️ဗွိုင်ဗာ (Viber) အမည် – Tanintharyi Gallery

အခုပြိုင်ပွဲကို တနင်္သာရီဒေသရှိ မြို့/ရွာဒေသအလိုက် ကွဲပြားစုံလင်သည့် အစားအသောက် ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲ

March 20, 2025,

Tanintharyi Gallery

🔹ရည်ရွယ်ချက်

တနင်္သာရီဒေသရှိ မြို့/ရွာဒေသအလိုက် ကွဲပြားစုံလင်သည့် အစားအသောက် ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် ဖြစ်သည်။

🔹ပြိုင်ပွဲအကြောင်းအရာ

▪️စားစရာ အမျိုးအစား – ငပိအခြေခံ စားစရာ
📍ငပိသုပ်၊ ငပိဖုတ်ဆီဆမ်း၊ ငပိထောင်း၊ ငပိထမင်းနယ်၊ ငပိထမင်းကြော် စသည်ဖြင့် ငပိကို အခြေခံထားပြီး မိမိဒေသမှာ တွင်ကျယ်စွာ စားသောက်ကြလေ့ရှိသည့် မည်သည့်စားစရာကို မဆို ချက်ပြုတ်ပြီး ပြိုင်ပွဲ၀င်နိုင်သည်။

📷ပြိုင်ပွဲ၀င်ရမည့် ပုံစံ – အထက်ပါ ငပိအခြေခံ စားစရာ ချက်ပြုတ်ပုံအဆင့်ဆင့်ကို ဗီဒီယို ရိုက်ကူးပေးပို့ရမည်။

🔹ပြိုင်ပွဲ အစီအစဥ်

၁။ စာရင်းပေးသွင်းခြင်း
ပြိုင်ပွဲ၀င်မည့်သူသည် ပြိုင်ပွဲဗီဒီယို မပေးပို့မီ အောက်ပါ အချက်အလက်များကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ဗွိုင်ဗာ (Viber) မှတဆင့် ပေးပို့ စာရင်းသွင်းရမည်။

▪️အစားအစာ အမည် –
▪️ပြိုင်ပွဲ၀င် အမည် –
▪️ဒေသ – . . . . . . . ရွာ၊ . . . . . . . မြို့နယ်၊
▪️ဗွိုင်ဗာ ( Viber ) နံပါတ် –
▪️ဗွိုင်ဗာ ( Viber ) အကောင့်နာမည် –
▪️ပြိုင်ပွဲ၀င်မည့် ပုံစံ – တဦးချင်း/ အစုအဖွဲ့

၂။ ပြိုင်ပွဲ၀င်မည့် ဗီဒီယို ပေးပို့ခြင်း

ပြိုင်ပွဲ၀င်မည့် ဗီဒီယိုကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖုန်းဖြင့်ဖြစ်စေ၊ ကင်မရာဖြင့်ဖြစ်စေ ရိုက်ကူးပြီး ဗွိုင်ဗာ ( Viber )မှ တဆင့် ပေးပို့နိုင်သည်။

၃။ ပြိုင်ပွဲ၀င် ဗီဒီယို လက်ခံသည့်ရက်

ပြိုင်ပွဲ၀င် ဗီဒီယိုများကို မတ်လ ၂၀ ရက်မှ ဧပြီလ ၂၀ ရက် (ရက်ပေါင်း ၃၀ အတွင်း) ရိုက်ကူး ပေးပို့နိုင်သည်။

၄။ ပြိုင်ပွဲ၀င် ဗီဒီယိုများ ဖော်ပြမည့် ဇယားစဥ်နှင့် ကာလ

▪️ဖော်ပြမည့် ဇယားစဥ်
ပြိုင်ပွဲ၀င် ဗီဒီယိုများကို ပေးပို့သည့် နေ့ရက် ၊ အချိန်ကို မှတ်တမ်းတင်ထားပြီး အစောဆုံးပေးပို့သည့်ဖိုင်ကို အစောဆုံးဖော်ပြသည့်စနစ်ကို ကျင့်သုံးပါမည်။

▪️ဖော်ပြမည့် ကာလ
ပြိုင်ပွဲ၀င်ဗီဒီယိုများကို မေလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ဖော်ပြမည်။

🔹ဆုကြေညာသည့်ရက်
ဆုရရှိသူများစာရင်းကို ဇွန်လ ၈ ရက်နေ့တွင် ကြေညာမည်။

🔹ပြိုင်ပွဲ စည်းကမ်း သတ်မှတ်ချက်များ

(၁) ပြိုင်ပွဲ၀င်သည့် စားစရာသည် မိမိဇာတိတွင် ချက်ပြုတ်စားသောက်လေ့ရှိသည့် ငပိအခြေခံ စားစရာ ဖြစ်ရမည်။

(၂) ပြိုင်ပွဲ၀င် ဗီဒီယိုတွင် မိမိဇာတိတွင် ပြောလေ့ရှိသည့် စကားကိုသာ ထည့်သွင်းပြောဆိုရမည်။ ဘာသာပြန်ရန် မလိုပါ။

(၃) ပြိုင်ပွဲ၀င်ရန်အတွက် သီးသန့်ရိုက်ကူးထားသည့် ဗီဒီယို ဖြစ်ရမည်။ မိမိ မူပိုင်ဗီဒီယို ဖြစ်ရမည်။ မူပိုင်ဖြစ်ကြောင်းလည်း ပြိုင်ပွဲ၀င်သူက အတည်ပြုပေးရမည်။ အကယ်၍ မူပိုင်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားမှု တစုံတရာဖြစ်လျှင် ပြိုင်ပွဲ၀င်သူနှင့်သာ သက်ဆိုင်ပြီး Tanintharyi Gallery က တာ၀န်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ။

(၄) ပြိုင်ပွဲ၀င် ဗီဒီယိုကို ရိုက်ကူးရာတွင် တဦးတည်းဖြစ်စေ၊ အစုအဖွဲ့ဖြင့် ဖြစ်စေ ရိုက်ကူး ယှဥ်ပြိုင်နိုင်သည်။ အစုအဖွဲ့ဖြင့် ယှဥ်ပြိုင်သူများသည် အစုအဖွဲ့နာမည်နှင့် ပါ၀င်သူများ စာရင်းနှင့် တာ၀န်ကို ပေးပို့ရမည်။

(၅) ဗီဒီယိုများကို ဖုန်း သို့မဟုတ် ကင်မရာဖြင့် ရိုက်ကူးနိုင်သည်။

(၆) ဗီဒီယိုသည် အသံနှင့်ရုပ် သင့်တင့်သည့် ကြည်လင်ပြတ်သားမှု၊ အသံနှင့်အရုပ် အနီးစပ်ဆုံး အံကိုက်ဖြစ်မှု ရှိရမည်။

(၇) ဗီဒီယိုတွင် နောက်ခံ တီးလုံး အသုံးမပြုဘဲလည်း တင်ဆက်နိုင်သည်။
အကယ်၍ နောက်ခံတီးလုံး အသုံးပြုမည်ဆိုပါက Tanintharyi Gallery က သတ်မှတ်ထားသည့် တီးလုံးကိုသာ အသုံးပြုရမည်။

တီးလုံးများကို ဖေ့စ်ဘုတ်၏ မူပိုင်ခွင့် မူ၀ါဒနှင့် မကင်းလွတ်ပါက ဗီဒီယိုတွင် အသံပျောက်ခြင်း၊ ပရိသတ်ဆီ ရောက်ရှိမှု အားနည်းခြင်းတို့ဖြစ်သည့်အတွက် မူပိုင်ခွင့် ကင်းလွတ်သည့် တီးလုံးများကို စိစစ်ပြီး Tanintharyi Gallery က စုစည်းပေးထားပါမည်။

တီးလုံးများကို Tanintharyi Gallery ၏ Drive Link ( https://drive.google.com/…/1BOM3kAPfGmc7DsFWogQlOxoeaLh… ) တွင်ဖြစ်စေ၊ Telegram ( https://t.me/tanintharyigallery) တွင်ဖြစ်စေ ရယူနိင်ပါသည်။

(၈) ပြိုင်ပွဲ၀င် ဗီဒီယိုပေးပို့သည့်အခါ ချက်ပြုတ်စဥ်နှင့် ချက်ပြုတ်အပြီး မှတ်တမ်းတင်ထားသည့် ပါ၀င်ပစ္စည်း အမယ်များနှင့် ဟင်းပွဲပုံ ဓာတ်ပုံ ၅ ပုံကိုလည်း တပါတည်း ပေးပို့ရမည်။

🔹ဆုရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ငွေ

▪️ဆုရွေးချယ်ခြင်း

“ပရိသတ်အား အပေးဆုံးဆု” အမျိုးအစား တခုကိုသာ “ပထမ” “ဒုတိယ” “တတိယ” “နှစ်သိမ့်ဆု” ဟူ၍ ၄ မျိုးခွဲပြီး ချီးမြှင့်မည်။

ဆုကို ဖေ့စ်ဘုတ်တွင် ပရိသတ်များက သက်ဆိုင်ရာ ပြိုင်ပွဲ၀င် ဗီဒီယိုကိုအားပေးသည့် စုစုပေါင်း “View” အရေအတွက်အပေါ်မူတည်ပြီး တွက်ချက် ချီးမြှင့်ပါမည်။ အဆိုပါ စုစုပေါင်း “View” အရေအတွက်မှအပ အခြားအချက်များဖြစ်သည့် “Reach” “Interactions” “Link Click” တို့ကို ထည့်သွင်း စဥ်းစားမည် မဟုတ်ပါ။

▪️ဆုချီးမြှင့်ငွေ
🥇ပထမဆု – ကျပ် ၅ သိန်း
🥈ဒုတိယဆု – ကျပ် ၃ သိန်း
🥉တတိယဆု – ကျပ် ၂ သိန်း
🏅နှစ်သိမ့်ဆု (၃ ဆု) – Tanintharyi Gallery တံဆိပ်ပါ တီရှပ်တထည်နှင့် ငွေကျပ် ၅ သောင်း

🔹ပြိုင်ပွဲ၀င်ရန် ဆက်သွယ်ရမည့် ဗွိုင်ဗာ (Viber) နံပတ်နှင့် အမည်
▪️ဗွိုင်ဗာ (Viber) နံပါတ် – +66650618236
▪️ဗွိုင်ဗာ (Viber) အမည် – Tanintharyi Gallery

ကဆုန်လပြည့်နေ့

March 11, 2025,

Tanintharyi Gallery

၂ နှစ်ပြည့် အမှတ်တရ စကား

January 9, 2025,

Tanintharyi Gallery

Tanintharyi Gallery တည်ထောင်ထားတာ ၂ နှစ်ပြည့်ပါပြီ။

တနင်္သာရီဒေသရဲ့ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ ပက်သတ်တဲ့ မှတ်တမ်းမှတ်ရာတွေ ပြုစုမှတ်တမ်းတင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အဖက်ဖက်မှာ ဝိုင်းဝန်းကူညီပေးကြသူများ ၊ စာမူရေးပေးကြသူများ၊ အချက်အလက်များ ဝေငှပေးကြသူများနှင့် ကာယအား ဉာဏအားဖြင့် ကူညီပေးကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် ရှိပါတယ်။

Tanintharyi Gallery ရဲ့ စာဖတ်သူများ၊ RCS ( Reaction, Comment and Share ) လုပ်ပေးသူများကိုလည်း အထူးကျေးဇူးတင်ပါတယ်။

၂ နှစ်ပြည့် အမှတ်တရ အနေဖြင့် စာဖတ်သူများ၊ RCS လုပ်ကြသူများကို Tanintharyi Gallery ရဲ့ @followers အဖြစ် Invite ပို့ပါရစေ။ ပြန်ပြီးတော့ Like / Follower လုပ်ပေးဖို့ကို မျှော်လင့်ပါတယ်။

ရှေ့ဆက်ပြီးလည်း ဒေသသားတွေရဲ့ ပါ၀င်မှုနဲ့ အကျိုးရှိမယ့် အစီအစဉ်အသစ်တွေကိုလည်း လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

ဒေသအကျိုး၊ နိုင်ငံအကျိုးကို တတ်နိုင်သလောက် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းသာယာတဲ့ နေရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Tanintharyi Gallery အဖွဲ့သားများက ဆန္ဒပြုလိုက်ပါတယ်။

Tanintharyi Gallery ပရိသတ်အတွက် စာအုပ်သတင်းလေးပေးပါရစေ။

August 5, 2024,

Tanintharyi Gallery

လူငယ်ပန်းချီဆရာ အောင်ကျော်မျိုးရဲ့ ” ကိုလိုနီခေတ် ထားဝယ်မြို့မှရှေးဟောင်းအဆောက်အဦများ ” လို့အမည်ပေးထားတဲ့ ပန်းချီ Collection စာအုပ်တစ်အုပ် ထွက်ဖို့ရှိနေပါတယ်။

အဲဒီစာအုပ်မှာသူရေးဆွဲခဲ့တဲ့ထားဝယ်မြို့ကရှေးဟောင်းအိမ်နဲ့ အဆောက်အဦတွေကို တစ်စုတစ်စည်းတည်းဖော်ပြထားပါတယ်။

ပန်းချီကားပေါင်း ၁၁၇ ပုံကို Art Paper A4 ဆိုဒ် ကြွေစက္ကူနဲ့ရောင်စုံရိုက်နှိပ်ထားပြီးစာမျက်နှာ ၁၃၀ကျော်လို့ဆိုပါတယ်။

သြဂုတ်လလယ်လောက်မှာ ကျင်းပမယ့် ပန်းချီပြပွဲနဲ့အတူ စာအုပ်မိတ်ဆက်ပွဲကိုပါ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ စာအုပ်တန်ဖိုးက ၁၈၀၀၀ကျပ်ပါတဲ့။

ဒီစာအုပ်ကို ထားဝယ်ခရိုင်ပန်းချီပန်းပုအစည်းအရုံးက ထုတ်ဝေပါတယ်။