လားဖျားပွဲ (သို့မဟုတ်) မမဘုရားပွဲ

November 10, 2025,

Tanintharyi Gallery

လားဖျားပွဲ(သို့မဟုတ်)မမဘုရားပွဲလို့ ထားဝယ်ဒေသအတွင်းထင်ရှားတဲ့ ဆရီးမာရီးယမ္မာန်မယ်တော်ဟိန္ဒူနတ်ပွဲ စပါပြီ။

တနင်္သာရီတိုင်းဒေသကြီး နောက်ခံသမိုင်းမှတ်စုနှင့် ထားဝယ်မှတ်စု| Podcast

November 8, 2025,

Tanintharyi Gallery

ဒီစာအုပ်နှစ်အုပ်ကို ယှဉ်တွဲဖတ်မှတ်လိုက်မယ်ဆိုရင် အထူးသဖြင့်တော့ ထားဝယ်သမိုင်းကိုအတော်အတန်ပြည့်ပြည့်စုံစုံ သိမှတ်ခွင့်ရပါလိမ့်မယ်။

မေးခွန်းလေ

November 6, 2025,

နောင်ငြိမ်း

ဟှာဇာကိုလဲ ယုံဘဲဇာ ကြာလှဘီ
ဖျားဟှစ ကိုယ့်ကောန်ကိုယ်ဆုံးပဲ
လူဆိုဇာ ခုခုဟို သတ်၀မ်ယုံကြည်ဘဲ သတ်ရှင်နေထိုင်ဟိ မျဟှလား။
ဂူလုံးဟို “အယ်မျိုးဘဲ့နား” ဆိုဂျော့ သိမြင်ခံယူဟှားဇာန နေသားက္လ။
ပန်းဟှားလေစ လူလေဆုံးပဲ။
စိဆိုဇာ ထူဟှားဒတ်လား။
“သာဇာန နာဇာ” တူးတူပဲ မှု၀လား။
အဲဆိုဟှာ . . .
ပျော်ဇာရှာဟယ်ဆိုဇာ နာဇာရှာဇာလည်း ဖြစ်နိုင်ဟှလား။
ကမ္ဘာဟှ
သူ့ဘောသူဆောန် သွားနေဇာလား
ကိုယ်လေ ဘောကို သူဟှ စုပေါင်းဆောန်နေဇာလား
စိဆိုဇာ ခုတည်းရှိနေမှ ရလား
ဗ္လာဟန်းလန်း ဖြစ်ဟိ မျဟှလား။

လူလယ်ကြစ်ခိုး ကသေတိုး

November 5, 2025,

ဧသင် (ခေတ္တ မဇ္ဇူလာ)

စင်းက္လောန်း စင်းက္လောန်း
အီးခလယ် ဝါလယ်ဗိုင်းဟှ
ဖိုးလူလယ်။
အံ့ဇားလိုဒတ် သူ့မျစ်ခွမ့်
ပြောန်း ဗြောန် စပ်စပ်၊ ဆတ်လီးတတ်။
လတ်နှံ့ ခေနှံ့ ဖိုးလူလယ်
ညဉ့်ခန်းဇာမာ ကြစ်ခိုးဟှယ်။
ကြစ်ခိုးဗီးပ္လန် ဝါထိရောန့်
ညောန်ဗန်အော့မာ ကသေခြောန့်။
စိုင်းဒတ်နေအောန် လွှမ့် ခ္လ ပ္လေး
ဗြင်းခေါန်းစီးဝို သူဝဲ့သေး။
ကြစ်ပျောန့်နေမား ရီးအိုဟှား
ကြစ်ခိုးမားဝို ရှာဝို့သွား
မေးဇားစမ်းဇား ဒန်းရဟှား
စစ္က စစ္က နောန်လယ်သား။
သေဖမ်းဇားခံ ဖိုးလူလယ်
မေးမျစမ်းမျ ဖျားနေဟှယ်။
သူ့မိ သူ့ဖ စိပူဆိုး
ဖိုးဖိုးပွဲဆစ်၊ သေမန်းဇာကိုး။
နယ်ဘက် ကျေးလက်မှ ဖြစ်ရပ်များသည် ကဗျာဖွဲ့ချင်စရာပါပဲ။ ထားဝယ်ကဗျာ ရွတ်ဆို စရာကလေးများ များများစားစား ရှိနေစေ့ချင်သည်။
စိတ်ထဲရောက်လာသော ဖြစ်ရပ် ကလေးတခုကို ကဗျာစပ်ဖြစ်သည်။ ရွတ်၍ ကောင်းရန် မှတ်၍ မခက်ရန် နှင့် ထားဝယ်စကား၏ အထင်ကရ အမှတ်အသား ဝေါဟာရများလည်း ပါအောင် ထည့်စပ်လိုက်သည်။
ဦးလယ်သား၏ ဖိုးလူလယ်အကြောင်း။
ရွာလယ်ပိုင်းတွင် နေသော ဖိုးလူလယ်ကား မယ်မယ်ရရ ရည်ရွယ်လုပ်ကိုင်ရာမရှိ ကိုးကျင်းကိုးကြောင်း လျှောက်ကာ အရပ်ထဲ လည်နေသူ။
ပြောရဆိုရမလွယ်သလို အရွဲ့တိုက်တတ်၍ မျက်နှာပေးက ပြောင်စပ်စပ် နှင့် လူဂွစာလို ခွကျကျရယ်။
သူက ခြေဆော့ လက်ဆော့ရှိသူဖြစ်၍ ညဖက်၌ ကြက်ခိုးတော့သည်။ ကြက်ခိုးရာက အပြန်ရွာထိပ်အရောက်တွင် ညောင်ပင်ကြီးအောက်၌ သူ့ကို တစ္ဆေခြောက်တော့၏။
ထိုအခါ ဖနှောင့်နှင့်တင်ပါး တသားတည်း ကျအောင် လျင်စွာ ပြေးရသည်။ သူသည် ကြောက်လွန်းလှ၍ သရဲမရဲစီးသလို စိတ်ခြောက်ခြားရ တော့၏။
ကြက်ပျောက်နေသူ အရီးအိုကား သူ့ကြက်ကို ဘယ်သူခိုးပါလိမ့်ဟု တရားခံရှာရန် ရွာထဲထွက်လာ၏။
မေးရင်းမြန်းရင်း သတင်းရ၊ လက်စသပ်တော့ နောင်လယ်ရဲ့သား ဖြစ်နေသဗျ။
တစ္ဆေပြုစားခံရသော ဖိုးလူလယ်မှာ ဘာမှ မေးမြန်း၍မရဘဲ ကြောက် အဖျားတက်နေတော့သည်။
သူ၏ မိဘများက ထိုအဖြစ်ကို စိတ်ပူကြောင့်ကြကြသဖြင့် ရွာရှင်ဖိုးဖိုးကို ပွဲဆက်တောင်းပန်ကာ တစ္ဆေဖမ်းစားပြုစားခြင်းအတွက်လည်း ခေါစာပစ်ပေးပေ၏။
ကဗျာကားဤ အကြောင်းမျှသာ။ ကဗျာရွတ်ရင်း ကျေးလက်က အဖြစ်အပျက်များ အလွမ်းပြေပါစေ။

၁၁၃ ကြိမ်မြောက် ထားဝယ်တန်ဆောင်တိုင်

November 3, 2025,

၁၁၃ ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားများဒေသစာရီကြွချီပူဇော်ပွဲကို ထားဝယ်မြို့မှာ ဒီကနေ့ည ( နိုဝင်ဘာလ ၃ ရက်) ၆နာရီခွဲအချိန်ကစပြီး ကျင်းပလျက်ရှိပါတယ်။
 
ညပိုင်း အပူဇော်ခံတာကို မကျင်းပနိုင်ခဲ့တာ ၅ နှစ်ကျော်ရှိခဲ့ပြီးတဲ့နောက် ဒီနှစ်မှာတော့ ညပိုင်းပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။
 
 
 

ပြန်၊ ပျံ – ပ္လန်

October 29, 2025,

နောန်ဖ္လူ

ထားဝယ်စကားမှာ လဆွဲသံ /လာ့ဆွဲသံ/ ဟာ စကားရဲ့ ထူးခြားတဲ့ ဝိသေသတခုဖြစ်ပါတယ်။

မြေ ကို မလေ (မ္လေ)၊ ကျောင်း ကို ကလွန်း (က္လောန်း) လို့ လဆွဲသံထည့်ပြောပါတယ်။

ဒီလိုပါပဲ ဗမာစကားမှာ သုံးတဲ့ ပြန် နဲ့ ပျံ ကို ထားဝယ် စကားမှာတော့ ပလန် (ပ္လန်) လို့ သုံးကြပါတယ်။

ထားဝယ်စကားမှာ ပြန်၊ ပျံ နဲ့ အသံထွက် ဆင်တာ တူတာမျိုးကို သုံးခဲလှပါတယ်။ ဒါပေမဲ့ လုံးဝ မသုံးတာမျိုးမဟုတ်ပါဘူး။
ဥပမာ ဘုန်းကြီးပျံ ကို ထားဝယ်စကားမှာ ဖောင်းဂီးဗျံ လို့ပဲ ထွက်ပြီး လဆွဲသံ မထည့်ပါဘူး။

အခုတလောမှာ ထားဝယ်စကားပြောသူတွေဆီက ပြန်၊ ပျံ ဆိုတဲ့ သဘောပါတဲ့ စကားကို လဆွဲသံပါတဲ့ ထားဝယ်စကားကို မသုံးဘဲ ဗမာစကား အသံအတိုင်း ပြန်၊ ပျံ ပဲသုံးလာတာ ခပ်စိပ်စိပ် ကြားရပါတယ်။

ဗမာ – အိမ်မပြန်သေးဘူးလား။ ပြန်မလာသေးဘူးလား။
ထားဝယ် – အီပ္လန်သေးဟှလာ။ ပ္လန်လာသေးဟှလာ။
ယခုကြားရသော ထားဝယ် – အီပြန်သေးဟှလာ။ ပြန်လာသေးဟှလာ။

ဘာသာစကားတွေရဲ့ သဘောဟာ အမြဲ ပြောင်းလဲနေတတ်ပါတယ်။

ခေတ်ကာလအရ ဝေါဟာရ အသစ်တွေ၊ ဗန်းစကားတွေ ပေါ်လာတတ်ပါတယ်။ မတူတဲ့ ဘာသာစကားတွေဆီက လွှမ်းမိုးမှုရှိတတ်သလို ဘာသာစကား အချင်းချင်း အပြန်အလှန် ရောထွေးပြီး မွေးစားစကားလုံးတွေ၊ ပေါင်းစပ်စကားလုံးတွေ ပေါ်လာတတ်တာ သဘာဝပဲဖြစ်ပါတယ်။

ဒါပေသိ ထားဝယ်စကားရဲ့ ဝိသေသ လဆွဲသံ ပျောက်လာမှာတော့ စိုးမိပါတယ်။ ဘာလို့ဆို ဘာသာစကားတခုဟာ ပြောတတ်တဲ့သူ ပြောဆိုသုံးစွဲနေသူတွေမှာပဲ ရှင်သန်နိုင်လို့ပါပဲ။

လေ့လာကြည်ညိုစရာ ရှင်မုတ္ထီးဘုရား

October 28, 2025,

ရှင်ကိုးရှင်သမိုင်းဝင်လို့ဆိုကြတဲ့ ရှင်မုတ္ထီးဘုရားဟာ ထားဝယ်-မြိတ်ကားလမ်းပေါ် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာမှာ တည်ရှိပါတယ်။

ထားဝယ်မြို့ကနေ ၆ မိုင်လောက်အကွာမှာ ရှိပါတယ်။ ရှင်မုတ္ထီးဘုရားအနီးမှာ မုတ္ထီးမြို့ဟောင်းရယ်လို့ ရှိခဲ့ပေမဲ့ ခုတော့ မြို့ဟောင်းရာတွေ မကျန်တော့လောက်အောင်ကို ပြောင်းလဲသွားခဲ့ပါပြီ။

ရှင်မုတ္ထီးဘုရားကတော့ (ဘုရားသမိုင်းအဆိုအရ) သက္ကရာဇ် ၉၃၁ ခုနှစ်မှာ သီဟိုကျွန်းကနေ ဖောင်နဲ့မျှောလိုက်တဲ့ ဘုရားရုပ်ပွားတော် လေးဆူအနက် တစ်ဆူဟာ ထားဝယ်မြို့နယ် ရွှေဂူတောင်ခြေရင်းက စော်ဝချောင်းကို ရောက်ရှိလာရာကနေ ပင့်ဆောင်ပူဇော်ထားတဲ့ ရုပ်ပွားတော်ဖြစ်ပါတယ်။

ကနေ့ ဖူးတွေ့ရတဲ့ ရုပ်ပွားတော်ဟာ မူလအစစ်မဟုတ်ဘဲ ရုပ်ပွားတော်အစစ်ကိုတော့ ဌာပနာထားတယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။

ရှင်မုတ္ထီးဘုရားမှာ စိတ်ဝင်တစား လေ့လာစရာကောင်းတာက ဘုရားစောင်းတန်းအဆုံး ဂန္ဓကုဋီတိုက်အနီးမှာရှိတဲ့ မွန်ခေါင်းလောင်းစာနဲ့ ဘုရားစောင်းတန်းမှာ ချိတ်ဆွဲထားတဲ့ ရှေးဟောင်းပန်းချီကားတွေပါ။

ဒီပန်းချီကားတွေထဲမှာ အရင်တုန်းကတော့ ပန်းချီဆရာကြီးဦးငွေကိုင်ရဲ့ ငယ်လက်ရာတွေကိုတွေ့ခဲ့ရပေမဲ့ ခုနောက်ပိုင်းမှာတော့ မတွေ့ရတော့ပါဘူး။

( ဓမ္မာရုံထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပေမဲ့ ခုနောက်ဆုံး အောက်တိုဘာ ပထမအပတ်ထဲ ရောက်စဉ်မှာတော့ မတွေ့ရပါ)။

စောင်းတန်းထဲမှာတော့ ပန်းချီဆရာကြီးဦးငွေကိုင်ရဲ့ တပည့် ဦးဘထွန်းတင်ရဲ့ ငယ်မူလက်ရာတွေကိုပဲ တွေ့မြင်ခဲ့ရပါတယ်။

ရှင်မုတ္ထီးဘုရားကို ဖူးမြော်ရင်းနဲ့ ဂန္ဓကုဋီတိုက်က မှန်စီရွှေချလက်ရာတွေ၊ အလှူရှင်တွေရဲ့ ထားဝယ်ဆန်သော အမည်တွေကို လေ့လာနိုင်ပါတယ်။

ရှင်မုတ္ထီးဘုရားဖူးသွားရင်းနဲ့ သမိုင်းဝင် ရှင်မုတ္ထီးရေတွင်းကြီး၊ ရွာအဝင်အနီးက ရှေးဟောင်းဟိန္ဒူနတ်ရုပ်တုကိုလည်း လေ့လာသင့်ကြောင်းပါ။

 

 

       

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သူတို့ဆီက မြစ်နဲ့ ကမ်းခြေ

October 21, 2025,

ရိုးနီ

ရှင်သန်နေဆဲ ဘာသာစကားတခုကို လူတွေရဲ့ ပြောဆိုသုံးနှုန်းမှုမှာ လိုက်ရှာကြည့်နိုင်ပါတယ်။ ဘာသာစကားတခု သေဆုံးသွားခဲ့ပြီဆိုရင် အဲဒီစကားကို “သုံးတဲ့သူ ပြောတဲ့သူ မရှိတော့လို့” ၊ “ပြောတတ်တဲ့သူ နားလည်တဲ့သူမရှိတော့လို့” လို့ပဲ ဆိုရမှာပါပဲ။

ရှင်သန်နေသေးတဲ့ ဘာသာစကား တခုမှာ သူ့သဘာဝအရကို အပြောင်းအလဲတွေ စဉ်ဆက်မပြတ်ရှိနေပြန်ပါတယ်။ စကားလုံးတချို့ တိမ်ကောသွားတယ်၊ အသစ်တွေ ပေါ်လာတယ်။ လေသံ ပြောဟန် အသုံးအနှုန်းစံ တွေကလည်း ရွေ့လျောနေပြန်ပါတယ်။ အဲဒီ ဘာသာစကားဟာ ရှင်သန်လှုပ်ရှားနေတာကိုး။

🖋️ရိုးနီ

ရှေးထားဝယ်တို့ရဲ့ အမည်မှည့်ခေါ်ပုံ ( ထားဝယ်ပေါ့ကတ်စ် )

October 12, 2025,

Tanintharyi Gallery

ထားဝယ်ဒေသမှာ တခြားနေရာဒေသတွေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရှိပါတယ်။

ရှေးခေတ်ကဆိုရင် ပိုလို့တောင် ထင်ရှားပါတယ်။ ခုနောက်ပိုင်းမှာတော့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေက ရောယှက်လာပြီး အချို့ဆိုရင်ပျောက်ကွယ်၊ အချို့ဆိုပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

အများစု သတိမပြုမိဘဲ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဓလေ့တခုကတော့ အမည်မှည့်ခေါ်ပုံပါ။

 

ရှင်မုတ္ထီးက ရေတွင်းကြီး

October 8, 2025,

Tanintharyi Gallery

ရှင်မုတ္ထီးဆိုတာ ထားဝယ်သမိုင်းမှာ ထင်ရှားတဲ့အရပ်ပါ။

ရှေးမြို့ဟောင်းတမြို့ဖြစ်ခဲ့သလို နောက်ပိုင်းမှာတော့ ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘုရားကြောင့် ပိုထင်ရှားခဲ့ပါတယ်။ ရှင်မုတ္ထီးကျေးရွာဟာ ထားဝယ်မြို့ရဲ့အရှေ့တောင်ဘက် ၆ မိုင်အကွာ ထားဝယ်- မြိတ်ကားလမ်းမကြီးပေါ်မှာ ရှိပါတယ်။

ရှေးဟောင်းသမိုင်းဝင်အထောက်အထားများစွာရှိတဲ့အရပ်ပါ။ ဒီကနေ့မှာတော့ မြို့ဟောင်းရာတွေ တဖြည်းဖြည်းပျောက်ကွယ်သွားပါပြီ။

ရှင်မုတ္ထီးလို့ပြောလိုက်ရင် အမှတ်ထားမိကြတာက ရှင်မုတ္ထီးရွာထဲက ရေတွင်းကြီးပါ။