ရှေးထားဝယ်တို့ရဲ့ အမည်မှည့်ခေါ်ပုံ | Podcast

October 7, 2025,

Tanintharyi Gallery

ထားဝယ်ဒေသမှာ တခြားနေရာဒေသတွေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရှိပါတယ်။

ရှေးခေတ်ကဆိုရင် ပိုလို့တောင် ထင်ရှားပါတယ်။ ခုနောက်ပိုင်းမှာတော့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေက ရောယှက်လာပြီး အချို့ဆိုရင်ပျောက်ကွယ်၊ အချို့ဆိုပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

အများစု သတိမပြုမိဘဲ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဓလေ့တခုကတော့ အမည်မှည့်ခေါ်ပုံပါ။

လောကသရဖူ လျောင်းတော်မူ ဘုရား

,

ရွှေသာလျောင်းလို့ ထားဝယ်ဒေသသားတွေခေါ်ကြတဲ့ လောကသရဖူ လျောင်းတော်မူ ဘုရားဟာ ထားဝယ်မြို့ကနေ အရှေ့တောင်ဘက် လေးမိုင်အကွာ ၊ စပါးတောင်ခြေရင်း အလယ်ကုန်းရွာမှာ တည်ရှိပါတယ်။

၁၉၃၁ ခုနှစ်မှာ အုတ်မြစ်ချပြီး ၁၉၄၀ ခုနှစ်မှာ အပြီးသတ် အချောကိုင်နိုင်ခဲ့ပါတယ်။

၁၉၅၇ ခုနှစ်မှာ သံတန်ဆောင်းလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။

ဘုရားရဲ့ ရောင်လျှံတော်ထိပ်ကနေ ခြေဖျားတော်အထိ ၁၆၂ တောင်ရှိတယ်လို့ သိရပါတယ်။

လျောင်းတော်မူ ဘုရားပွဲတော်ကိုတော့ နှစ်စဉ် တပို့တွဲလမှာကျင်းပလေ့ရှိပါတယ်။

ငယ်ငယ်တုန်းက သီတင်းကျွတ်

October 6, 2025,

Tanintharyi Gallery

သီတင်းကျွတ်ကာလတိုင်း အတွေးထဲ အမြဲပေါ်လာတာက ငယ်ငယ်က မီးပူဇော်ခဲ့တာတွေပါ။

ရပ်ရွာဒေသအလိုက် မတူညီတာလေးတွေ ရှိပေမယ့် သူ့ ခေတ်ကာလအတူတူမှာတော့ အရမ်းကြီးကွာမယ် မထင်ပါဘူး။ ကျွန်တော်ဖြတ်သန်းဖူးတဲ့ ငယ်ဘ၀ မီးထွန်းဓလေ့တွေမှာတော့ ဗာဒံရွက်ကို ဆီမီးအကာလုပ်၊ ဝါးဆစ်ထဲ ၊ ပုလင်းခွံတခုခုထဲ ရေနံဆီ ဒါမှမဟုတ် ဆီတမျိုးမျိုးထည့်ပြီး မီးပူဇော်တာ၊ ဖယောင်းတိုင် ဆီမီး ပူဇော်တာပါ။

တချို့ရွာဖက်တွေမှာတော့ ဆီအုန်းကြိတ်ဖတ်ကို ဝါးချောင်းမှာ မံထားပြီး မီးစာအဖြစ်သုံးထားတဲ့ ဆီမီးတိုင်နဲ့ ပူဇော်တာကို အမှတ်ရနေတယ်။

နောက်တခုက ရောင်စုံ စက္ကူမီးအိမ်လေးတွေ။ အရာရာကို ချွေတာသိမ်းဆည်းတတ်တဲ့ ကာလတွေဆိုတော့ မီးအိမ်တွေ ပိုးမစားမချင်း၊ ကော်မကွာမချင်း သိမ်းတာကိုလည်း အမှတ်ရနေတယ်။

မီးပူဇော်တာမှာ အခုထိ ကိုယ်တိုင်လည်း နားမလည်၊ မမေးလဲ မမေးဖြစ်ဘဲ လိုက်လုပ်ခဲ့တာတခုက လှေကား ၀ တို့ ဘာတို့မှာ မီးထွန်းတာပါ။ ကျွန်တော်တို့ နားမလည်ဘဲ မမေးဖြစ်ဘဲ လုပ်ခဲ့တာတွေကလည်း များသား။ ကလေးတွေကတော့ ရောင်စုံစက္ကူ ၊ ဝါးခြမ်းတဲ့ လုပ်ထားတဲ့ မီးပုံးတွန်းလှည်းငယ်လေးတွေနဲ့ ပါကြတယ်။

အခုနောက်ပိုင်းတော့ မီးပူဇော်တဲ့ ပုံစံက တော်တော်ပြောင်းသွားခဲ့ပြီ။ တရုတ်နဲ့ ထိုင်းနိုင်ငံထုတ် လျှပ်စစ်မီးတွဲတွေ၊ မီးပုံးတွေက သီတင်းကျွတ်မှာ နေရာယူလို့။

မိတ်ဆွေတို့ ငယ်ငယ်ကရော သီတင်းကျွတ်မီးထွန်းပွဲ ဘယ်လိုနွှဲခဲ့ကြလဲ။ အမှတ်ရစရာလေးတွေကို Comment မှာ ရေးသွားကြပါဦး။

ရှင်မုတ္ထီးက ရေဒွမ်းဂီး ( ထားဝယ်ပေါ့ကတ်စ်)

October 2, 2025,

Tanintharyi Gallery

ရှင်မုတ္ထီးဆိုတာ ထားဝယ်သမိုင်းမှာ ထင်ရှားတဲ့အရပ်ပါ။

ရှေးမြို့ဟောင်းတမြို့ဖြစ်ခဲ့သလို နောက်ပိုင်းမှာတော့ ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘုရားကြောင့် ပိုထင်ရှားခဲ့ပါတယ်။ ရှင်မုတ္ထီးကျေးရွာဟာ ထားဝယ်မြို့ရဲ့အရှေ့တောင်ဘက် ၆ မိုင်အကွာ ထားဝယ်- မြိတ်ကားလမ်းမကြီးပေါ်မှာ ရှိပါတယ်။

ရှေးဟောင်းသမိုင်းဝင်အထောက်အထားများစွာရှိတဲ့အရပ်ပါ။ ဒီကနေ့မှာတော့ မြို့ဟောင်းရာတွေ တဖြည်းဖြည်းပျောက်ကွယ်သွားပါပြီ။

ရှင်မုတ္ထီးလို့ပြောလိုက်ရင် အမှတ်ထားမိကြတာက ရှင်မုတ္ထီးရွာထဲက ရေတွင်းကြီးပါ။

ထမင်းမြိန်စား ကျီးက နားနှင့်

September 29, 2025,

ဧသင် (ခေတ္တ မဇ္ဇူလာ)

ထားဝယ်တေးဟုဆိုသော ဝါလိုက်ပါတော့မိုး နှင့် ကျွဲသားနှစ်ကောင် (ကွဲသားနှေ့ကောန်)တို့ကို မြန်မာစာ ကျောင်းသင်ခန်းစာများနှင့် အသိများကြသည်။ တကယ်တော့ ထားဝယ်စကားပြောသူများ အကြား ကဗျာစပ်ဆိုမှုမှာ ထင်ထင်ရှားရှားကြီး ရှိမနေဟု ခံစားမိသည်။ ဆိုစရာ ရွတ်စရာ တသစရာ ခံစားစရာ ထားဝယ် ကဗျာများကို အာသီသပြင်းပြနေမိသည်။ ထို့ကြောင့် ရင်ထဲကပေါ်လာသော အရာအချို့ကို ချရေးလိုက်သည်။

ထားဝယ်စကားပြောနေကျသူတို့ ရွတ်ဆိုသော် မထောက်အောင်၊ အဓိပ္ပာယ်လည်း ရှိတန်သလောက် ရှိအောင်၊ ထားဝယ်ဒေသ၏ သရုပ်သကန်လည်း ပေါ်အောင်၊ ထားဝယ်စကား၏ ထူးခြားသော လဆွဲသံ စကားလုံးများကိုလည်း ပေါ်လွင်အောင် ဖွဲ့လိုက်သည်။ မည်သည့် မြန်မာကဗျာစပ်နည်းကိုမျှ ကိုးကားခြင်းမရှိသော်လည်း ရွတ်ဆိုရာတွင် ကာရန် ရအောင်တော့ သတိထား၍ စပ်ထားပါ၏။

အဓိပ္ပာယ် အကျဉ်းကတော့ သည်လိုရယ်။

ထမင်းမြိန်စားရန် စားစရာပြင် ပိန်းကျောက်ပြင်ကို လှီးဖို့ပြင်တော့ ယားနိုင်တယ်လို့ထင်။ နနွှင်းတုံးကို ကျောက်ပြင်ပေါ်တင် (ကြိတ်၍ နနွှင်းထည့်ချက်ရန်)။ ကျောင်းပေါ်တွင် ကျီးလာနားပြန်။ (ဘုန်းကြီးကျောင်းကန်မှာ ထမင်းချက်စားကြဟန်)။ ကျီးကို ခဲနဲ့ပစ်တော့ ကျီးထပြေးပြန်။

ကျောက်ခဲ ပြန်ကျလာတော့ ကျောင်းခေါင်ပေါ်ကျီးက ပြန်လာနားပေါ့။ ဒီလိုနဲ့ လှန့်ပြန်တော့ ကျီးက တခြားကျောင်းဆောင်ဖက် ပြေးသွားတော့။ ဦးထွန်းသိန်းရဲ့ ပိန်းပြင်ကြီးဟာ မြစ်ချောင်းနားမှာ ပေါက်နေပေါ့။ (အဲဒီက ပိန်းတွေရလို့ ချက်မယ်) မျှစ်နဲ့ ပိန်းနဲ့ ဟင်းချိုချက်၊ သီဟိုဠ်ရွက်ဟာ တို့စရာကွဲ့။ ပျဉ်တော်သိမ် လတ်လတ်ဆတ်ဆတ်၊ ငါးလိပ်ကျောက်မီးကင်နဲ့ ထမင်းမြိန် လတ္တံ့။ ထန်းရည်ချဉ်(အောင်းရယ်) နဲ့ ဖျော်ထားတဲ့ ငါးပိဖျော် (ငါးပိသုပ်) ကလည်း ခပ်စပ်စပ်။

🔹မှန်းမ္လီဇား က္လီးနား

ပ္လီးက္လောန့်ပြင် လှီးဖို့ပြင်
ယားမယ်ဆိုထမ်
က္လောန့်ပြင်ထပ်မာ နွှမ်းခဲတမ်။
က္လောန်းထပ်မာ က္လီးနားဗန်
က္လောန့်ခဲနာ့ ပစ်တမ်
က္လီးထ ပ္လေး ပ္လန်
က္လောန့်ခဲ ပ္လန်က္လ
က္လောန်းခေါန်ထမ့်မာ က္လီး ပ္လန်က္လ။
က္လောန်း ပ္လေါန်း ဗီး က္လီးပ္လန်
နောန်းထွန်းသီး ပ္လီး ဗ္လန်
မ္လစ် ခ္လေါန်းနားမာ
ပေါ့န်နေဗန်။
မ္လှစ်နာ့ ပ္လီးနာ့ ဟမ်းသျှိုရှစ်
ရှစ်က္လစ်ဝမ့်ဟှ ပိရှာဖြစ်
ပ္လေါန်းပိနို့ဝမ့် ခပ်လတ်လတ်
လိက္လောန့်ဝါးကမ် မှန်းမ္လီဒမ့်
အောင်းရယ်ပိဖျော် ခပ်စပ်စပ်။

သီတင်းကျွတ် အလွမ်း

September 22, 2025,

Tanintharyi Gallery

တစ်နေ့ မနက်ကစလို့ ထားဝယ်ရဲ့မနက်ခင်းဟာ ဆောင်းရနံ့တွေ ရလာတယ်။

နှင်းမှုန်ခပ်ဝါးဝါးနဲ့ မြင်ကွင်းတွေက ဆောင်းဘက်လုလာသလိုပဲ။ မနက်ခင်းလေပြည်မှာ ဆောင်းရဲ့အေးမြခြင်းကို နည်းနည်းလေး ထိတွေ့ခွင့် ရပြီ။

သီတင်းကျွတ်တော့မယ်ဆိုတဲ့ အသိက အတွေးထဲဖျတ်ခနဲရောက်လာသလို ပျောက်ဆုံးခဲ့ရတဲ့ ထားဝယ်သီတင်းကျွတ်ကာလတွေကို လွမ်းသွားတယ်။ သီတင်းကျွတ်အပျော်တွေ ပျောက်ဆုံးခဲ့တာ ၄ နှစ်တောင် ရှိပါရော့လား။

သီတင်းကျွတ်ရောက်တော့မယ်ဆိုတဲ့အသိနဲ့ ပထမဆုံးလွမ်းမိတာက ထားဝယ် ရှမ္မလည်ဆွဲရပ်က မမဘုရားပွဲပဲ။ ခုတောင် မမဘုရားပွဲအတွက် ပြင်ဆင်နေကြပြီလေ…။ သီတင်းကျွတ်လဆန်း ၁ ရက်နေ့ဆို မမဘုရားပွဲစပြီ။ သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ညဆို တစ်ညလုံး ထားဝယ်မြို့တွင်း လှည့်လည်နေကျ။

ယုံကြည်မှုအရ ကန်တော့ပွဲဆက်ပူဇော်ကြသူတွေ၊ ဖျော်ဖြေရေးကားတွေအနား ကခုန်ကြသူတွေနဲ့ ထားဝယ်ညက ပွင့်လင်းရာသီပွဲတော်အစကို ကြိုဆိုခဲ့တာတွေ။ နောက် ရက်များမကြာမီမှာ သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့အတူ သီတင်းကျွတ်လပြည့်နေ့မှာ ထားဝယ်ရိုးရာ သပိတ်မျှောပွဲ။ ထားဝယ်မအိပ်တဲ့ ညရယ်လို့တောင်ဆိုကြလေရဲ့။

ထားဝယ်ကမ်းနားက သဲပုံဆိပ်မှာ သပိတ်ကိုယ်စီနဲ့ မနက်အရုဏ်တက်ချိန်ကတည်းက စည်ကား၊ ထားဝယ်မြစ်ရိုးတစ်လျှောက် ရပ်ရွာတွေမှာလည်းအသီးသီး သပိတ်မျှောပွဲ ကျင်းပလို့။

လပြည့်နေ့မနက်မှာ ထင်ရှားတဲ့ပွဲတစ်ပွဲက ကဘူဘုရားတောင်ကုန်းပေါ်မှာ ကျင်းပတဲ့ မီးပုံးပျံလွှတ်ပွဲ။ တစ်ချိန်ကဆို ကမျောကင်းတံတားမှာ တိုးမပေါက်။

ခုတော့ လွန်ခဲ့တဲ့ ၄ နှစ်တာအတွင်း သီတင်းကျွတ်ပွဲတော်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင်းပခဲ့တာများပါတယ်။
လမ်းပေါ်မှာလည်း ည ၇ နာရီလောက်ဆို အသွားအလာ မရှိသလောက်။ ဒီနှစ် သီတင်းကျွတ်ပွဲတော်ကော ဘယ်လိုကြုံရဦးမယ်မသိ။

သီတင်းကျွတ်ကာလ ထားဝယ်မုန့်ဈေးကွက်မှာ တွေ့နေကျ က္လယ်မောန်း လို့ခေါ်တဲ့ ကောက်ညှင်းကျည် တောက်တောင် ရှားပါးမုန့်ဖြစ်နေပြီ။ ကုန်ကြမ်းဖြစ်တဲ့ ဝါးထွက်ရာနေရာကလည်း စစ်ဘေးကြောင့်ပြေးရှောင်နေကြရသလိုကောက်ညှင်းကျည်တောက်လုပ်တဲ့ ရပ်ရွာအချို့ကလည်း စစ်ဘေးရှောင်နေကြရတာမို့ ရာသီစာက္လယ်မောန်းလည်း ပွဲတော်တွေနဲ့ ပနံမတင့်ခဲ့တာကြာလှပေါ့။

လွမ်းရပါတယ် … တစ်ချိန်က ထားဝယ်သီတင်းကျွတ်နေ့ရက်များရယ်… ။ ။

 

 

 

မှန်းစားဇို့

September 19, 2025,

Tanintharyi Gallery

“မှန်းစားဇို့” သီချင်းစာသားကို ဖော်ပြလိုက်ပါတယ်။ မူရင်း တေးရေးသူရဲ့ ထား၀ယ်စာ အရေးအသား မဟုတ်ပါဘူး။ ထား၀ယ်စာနဲ့ ပတ်သတ်ပြီး ဆွေးနွေးငြင်းခုန်လာကြဖို့ ရည်ရွယ်ဖော်ပြတာ ဖြစ်ပါတယ်။

တေးရေး၊ တေးဆိုတွေ့နဲ့ သီချင်းရဲ့ နောက်ခံ အကြောင်းရာတွေကိုလည်း ကွန်မန်းမှာ ဝင်ရောက်ဆွေးနွေးပေးကြပါအုန်း။

 

သူတို့ဆီက မြစ်နဲ့ ကမ်းခြေ

September 3, 2025,

ရှင်သန်နေဆဲ ဘာသာစကားတခုကို လူတွေရဲ့ ပြောဆိုသုံးနှုန်းမှုမှာ လိုက်ရှာကြည့်နိုင်ပါတယ်။
ဘာသာစကားတခု သေဆုံးသွားခဲ့ပြီဆိုရင် အဲဒီစကားကို “သုံးတဲ့သူ ပြောတဲ့သူ မရှိတော့လို့” ၊ “ပြောတတ်တဲ့သူ နားလည်တဲ့သူမရှိတော့လို့” လို့ပဲ ဆိုရမှာပါပဲ။ ရှင်သန်နေသေးတဲ့ ဘာသာစကား တခုမှာ သူ့သဘာဝအရကို အပြောင်းအလဲတွေ စဉ်ဆက်မပြတ်ရှိနေပြန်ပါတယ်။ စကားလုံးတချို့ တိမ်ကောသွားတယ်၊ အသစ်တွေ ပေါ်လာတယ်။ လေသံ ပြောဟန် အသုံးအနှုန်းစံ တွေကလည်း ရွေ့လျောနေပြန်ပါတယ်။ အဲဒီ ဘာသာစကားဟာ ရှင်သန်လှုပ်ရှားနေတာကိုး။
စာပေအရေးရယ်လို့ အတည်တကျ အတိအကျ မရှိသေးတဲ့ ထားဝယ်စကားကလည်း ရှင်သန်နေဆဲပဲ။ ပြောတဲ့သူတွေ၊ နားလည်တဲ့သူတွေ ရှိသေးတယ်။ ဒီစကားနဲ့ ရှင်သန်ကြီးပြီးတဲ့ ရပ်ဝန်းကြီး ရှိတယ်။ ထားဝယ်သူ၊ ထားဝယ်သား ထားဝယ်စကားကိုး ဂုဏ်ယူစွာ ပြောဆိုသုံးစွဲခဲ့ကြတာမျိုးကိုး။
မျိုးဆက်တွေအလိုက် လက်ဆင့်ကမ်းလာခဲ့ကြတာ ဒီကနေ့ အထိပါပဲ။ စိတ်ဝင်စားဖို့ကောင်းတာက မတူတဲ့မျိုးဆက်တွေကြားမှာ ကျပျောက်သွားခဲ့တဲ့ အသုံးနှုန်းတွေ၊ အသံထွက်ပုံတွေပဲ။ ပြီးတော့ မျိုးဆက်တခု၊ ခေတ်ကာလတခုမှာ အသစ်ပေါ်လာခဲ့တဲ့ အသုံးတွေ ပြောဟန် ဆိုဟန် အသံဗလံတွေ ပါပဲ။
ဒါတွေက အမှုမဲ့ အမှတ်မဲ့ နေရင်တော့ မသိသာပေတဲ့ အသေအချာ နားထောင်ကြည့် နားလည်ကြည့်ရင်တော့ စကားသံတွေ အသုံးနှုန်းတွေ ပြောဟန်ဆိုဟန်တွေဟန် တရွေ့ရွေ့ လှုပ်ရှား နေတာပဲ ဆိုတာ ရိပ်စားမိကြမှာပါပဲ။
ဒီစာအတွက် ခေါင်းစဉ်ပေးဖြစ်ပုံက ဒီလိုရယ်။
တရက်သားတော့ ရွာတရွာကို အကြောင်းတခုနဲ့ ရောက်ဖြစ်ခဲ့တာပဲ။ ထားဝယ်တွေ နေတဲ့ရွာ။ အဲသည်ရွာကို ရောက်သွားလို့ ရက်နည်းနည်းကြာတော့ ကိုယ်ပြောတဲ့ ထားဝယ်စကားဟာ သူတို့ ဆီက ရပ်စကား ရွာစကားနဲ့ ခြားနားနေတာ သတိထားမိလာတော့တယ်။ ကိုယ့်ရဲ့ ထားဝယ် စကားဟာ မြန်မာစာ မြန်မာစကားအသံဟန်ပဲ ကဲနေခဲ့တာလား လို့ ပြန်တွေးကြည့်မိတယ်။
ရွာဟာ မြစ်ကြီးတခုနဲ့ မနီးမဝေးလေးမှာပဲရှိတယ်။ ပင်လယ်ကြီးဖက်ကို သွားချင်ရင်လည်း သိပ်မဝေးတဲ့ အရပ်မှာပဲ။ ဒီတော့ ရွာရဲ့ ပထဝီအနေအထားအရဆိုရင် မြစ်တို့ ကမ်းခြေတို့ဆိုတဲ့ စကားလုံးတွေဟာ ရွာသူ ရွာသားတွေနဲ့ မစိမ်းပါဘူး။ ဆိုင်ကယ်ပေါတဲ့ ရွာဆိုတော့ မြစ်ဖက်လား၊ ပင်လယ်ဖက်လား ခဏနဲ့ ခရီးတွင်နိုင်တယ်။ တရက်သားတော့ မြစ်ဖက်ကိုရော ပင်လယ်ဖက်ကိုပါ သွားရမယ့် ကိစ္စတွေရှိလာတယ်။ ဇာတ်လမ်းက အဲသည်မှာ စတယ်။
သူတို့က မြစ်ကို /မ္လစ်/ တဲ့။ ကမ်းခြေကို /ကမ်းခေ/တဲ့။ ဆိုင်ကယ်ကို /စစ်ဘီး/ တဲ့။
နားထောင်ရတာ သိပ်အရသာရှိတဲ့ အသုံးတွေပါ။ လေးလေးပင်ပင် ရှိတယ်။ အစတော့ နားမလည် ပေမဲ့ ခဏလေးထဲမှာပဲ သဘောပေါက်သွားရတယ်။
ဒါနဲ့ ကိုယ်တွေက ထားဝယ်လို ခေါ်တော့ မြစ် ဟာ မြစ်ပဲ၊ ကမ်းခြေဟာ ကမ်းခြေပဲ၊ ဆိုင်ကယ်ဟာ ဆိုင်ကယ်ပဲ။ သူတို့ဆီက မြစ် ကို /မ္လစ်/ လို့ ခေါ်တာဟာလည်း ထားဝယ်စကားရဲ့ ထူးခြားတဲ့ လဆွဲသံ ကို ထင်ဟပ်နေတာမို့ ချစ်စရာပါပဲ။ မျိုးဆက်ပြစကား မြစ်ကို ထားဝယ်သံနဲ့ /မ္လစ်/ လို့လည်းခေါ်သလို စားလို့ရတဲ့ မျှစ် ကိုလည်း /မ္လစ်/ မ္လှစ်/ လို့ ခေါ်တတ်တာမို့ ခပ်ဆင်ဆင်ပါ။
ကမ်းခေ မှာ /ခေ/ဟာ ထားဝယ်စကားအရတော့ ခြေ (ခြေထောက်)ပဲ။ ဒါ့ကြောင့် ကမ်းခေ လို့ ခေါ်တာဟာ နားထောင်ရတာ ကောင်းပါ့။ အဓိပ္ပါယ်လည်း ထူးပြီး မခြားနားပါဘူး။
ဆိုင်ကယ်ကိုက /စစ်ဘီး/ လို့ဆိုတော့ စက်ဘီးတော့ ဘယ်လိုတုန်းဆိုတော့ /ခေနန်း စစ်ဘီး/ တဲ့။
ထားဝယ်စကားသံမှာ စက်ဘီး ကို /စစ်ဘီး/ လို့ခေါ်တယ်။ ဘီးဟာ မြန်မာအသံမှာလို /ဘိန်း/ လို့ မထွက်ပါဘူး။ ဘီး ပါပဲ။ သူတို့ဆီမှာ စောင် ကိုလည်း /ဆိုးဖ္လူ/ မြန်မာလိုပြန်ရင် ပုဆိုးဖြူ လို့ သုံးဆဲပါပဲ။ ဒီလို အသုံးမျိုးကို တချို့က တောကျ လှသဟေ့ လို့ ခနဲ့တဲ့တဲ့ ဆိုချင်ဆိုမယ်။ ကိုယ့် အတွက်တော့ နားထောင်ရတာ နားဆိမ့်လှပါတယ်။
ရှင်သန်ရွေ့လျားနေတဲ့ ဘာသာစကားတခုမှာ ကိုယ်မကြားမိခဲ့တဲ့ အသံ အသုံးအနှုန်းတွေကို သိရတယ် ဆိုတာ ပျော်စရာမဟုတ်ပါလား။

ရှေးမြန်မာကျောက်စာနဲ့ ထားဝယ်အသံ

August 2, 2025,

ဧသင်

စကားသံထွက်ပုံအတိအကျကို အသံသွင်းမှတ်တမ်းယူထားနိုင်ခဲ့ခြင်း မရှိသော ကျောက်စာရေးထိုးခဲ့သည့်ခေတ်က အရေးကို ယနေ့ခေတ် စာပေသီးခြား အတည်တကျမရှိသေးသော ထားဝယ်စကားသံနှင့် ဆက်စပ်ကြည့်ခြင်းပင်ဖြစ်သည်။
ဤဆွေးနွေးချက်၏ အစတွင်ဖော်ပြခဲ့သော ကျောက်စာ နှစ်ခုကို ဖတ်ရှုကြည့်ရာ အောက်ပါအရေးအသား အချို့ကို တွေ့ရသည်။
ကိုးကား။ ဦးအေးမောင်၊ ရှေးဟောင်းမြန်မာကျောက်စာများ (ပဌမတွဲ)

မြိတ်မြို့ ပုန်းညက်တောင်ပေါ်က သေးမားသိမ်

July 14, 2025,

ရနောင် (ဒွယ်)

သိမ်မျက်နှာစာအရှေ့မှာစိုက်ထူထားတဲ့ကျောက်စာအရသိရတဲ့ ဒီသိမ်ကြီးရဲ့ သမိုင်းကြောင်းကို ဆရာမောင်ပြေချမ်း ( မြိတ် ) ရဲ့ ပုန်းညက်တောင်စာတမ်း မှာဖော်ပြထားပါတယ် ။
မြိတ်မြို့ကို အေဒီ ၁၇၃၁ ခုနှစ်မှာ ယိုးဒယားမင်း ဗြရာမသွန်တိသ ကတည်ထောင်ခဲ့ပြီး မာရိတ်မြို့အဖြစ်အမည်တွင်စေခဲ့တယ်လို့ဆိုတယ် ။
ပုန်းညက်တောင်ပေါ်မှာရှိနေတဲ့စေတီကိုတော့ မြိတ်မြို့မတည်ခင် အေဒီ ၁၆၆၆ ခုနှစ်ကတည်းက ထည်ထောင်ခဲ့တာပါတဲ့ ။
အေဒီ ၁၇၄၁ ခုနှစ် ( ယိုးဒယားတို့ အုပ်စိုးထားတဲ့အချိန် ) ရောက်တော့ မြိတ်မြို့စားနဲ့ တနင်္သာရီမြို့စားတို့က ပုန်းညက်တောင်ပေါ်မှာပဲ ယိုးဒယားမင်းခွင့်ပြုချက်နဲ့ သိမ်တည်ပြန်ပါတယ် ။
အဲဒီသိမ်ကို ယိုးဒယားမင်းက သေးမား ( သီမာ ) သိမ် အမည်တွင်ခဲ့စေပြီး တပို့တွဲလဆန်း ၁၁ ရက် ကြာသားပတေးနေ့မှာ သံဃာ ၂၂ ပါးနဲ့ သိမ်သမုတ်ခဲ့တယ်လို့ဆိုတယ် ။ ကျောက်စာကိုလည်း အဲဒီနှစ် တန်ခူးလဆန်း ၃ ရက် တနင်္လာနေ့မှာ စိုက်ထူခဲ့တာပါတဲ့ ။