လားဖျားပွဲ (သို့မဟုတ်) မမဘုရားပွဲ

November 10, 2025,

Tanintharyi Gallery

လားဖျားပွဲ(သို့မဟုတ်)မမဘုရားပွဲလို့ ထားဝယ်ဒေသအတွင်းထင်ရှားတဲ့ ဆရီးမာရီးယမ္မာန်မယ်တော်ဟိန္ဒူနတ်ပွဲ စပါပြီ။

တနင်္သာရီတိုင်းဒေသကြီး နောက်ခံသမိုင်းမှတ်စုနှင့် ထားဝယ်မှတ်စု| Podcast

November 8, 2025,

Tanintharyi Gallery

ဒီစာအုပ်နှစ်အုပ်ကို ယှဉ်တွဲဖတ်မှတ်လိုက်မယ်ဆိုရင် အထူးသဖြင့်တော့ ထားဝယ်သမိုင်းကိုအတော်အတန်ပြည့်ပြည့်စုံစုံ သိမှတ်ခွင့်ရပါလိမ့်မယ်။

၁၁၃ ကြိမ်မြောက် ထားဝယ်တန်ဆောင်တိုင်

November 3, 2025,

၁၁၃ ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားများဒေသစာရီကြွချီပူဇော်ပွဲကို ထားဝယ်မြို့မှာ ဒီကနေ့ည ( နိုဝင်ဘာလ ၃ ရက်) ၆နာရီခွဲအချိန်ကစပြီး ကျင်းပလျက်ရှိပါတယ်။
 
ညပိုင်း အပူဇော်ခံတာကို မကျင်းပနိုင်ခဲ့တာ ၅ နှစ်ကျော်ရှိခဲ့ပြီးတဲ့နောက် ဒီနှစ်မှာတော့ ညပိုင်းပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။
 
 
 

ထားဝယ်ဒေသက ကမ်းခြေတွေ

November 2, 2025,

Tanintharyi Gallery

ထားဝယ်လို့ ပြောလိုက်ရင် “မောင်းမကန်ကမ်းခြေ”နဲ့ တွဲမြင်တတ်ကြတယ်။

တကယ်တော့ ထားဝယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသတခုဖြစ်လို့ ကမ်းခြေတွေအများကြီး။ ဒါပေမယ့် အဲဒီတုန်းက လမ်းပန်းဆက်သွယ်ရေး အဆင်ပြေတဲ့ မောင်းမကန်ကမ်းခြေတခုပဲ လူသိများခဲ့တယ်။

တနင်္သာရီရာဇဝင်တော်ကြီး နှင့် ယဉ်ကျေးမှုအမွေအနှစ်ရိုးရာဓလေ့များ

October 21, 2025,

Tanintharyi Gallery

တနင်္သာရီစာအုပ်စင်မှာ ပထမဆုံးညွှန်းချင်တဲ့ စာအုပ်ပါ။ ဦးသန်းစိုးဝင်း (တနင်္သာရီမြို့) ရေးသားပြုစုပြီး ဓမ္မသံတော်ဆင့်စာပေက ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

တနင်္သာရီမြို့ဆိုတာ တနင်္သာရီဒေသထဲက မြို့ငယ်လေးတခုဆိုပေမဲ့ ရှေးမြို့ဟောင်းတခုအနေနဲ့ရော၊ ထူးခြားတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ရော ထင်ရှားပါတယ်။

ဒီမြို့လေးကနေ မြို့သမိုင်းကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို မှတ်တမ်းတင်ရေးသားပြုစုနိုင်တာ ဂုဏ်ယူစရာပါ။ ဒီစာအုပ်မှာ တနင်္သာရီရာဇဝင်တော်ကြီး ပထမတွဲ ၊ ဒုတိယတွဲ၊ တတိယတွဲ လို့ ခွဲထားပြီး စာမျက်နှာ ၂၂၀ နီးပါး တင်ပြထားပါတယ်။

ပထမတွဲမှာတော့ တနင်္သာရီမြို့ရဲ့ သမိုင်းကြောင်းကို ပြုစုထားပါတယ်။ ဒီအပိုင်းမှာ တနင်္သာရီသမိုင်းအပြင် တနင်္သာရီမြို့ရဲ့ထင်းရှားတဲ့ ခေါသရပ်ရာဇဝင်၊ နဂါးလှေတော်ရာဇဝင်နဲ့ ရှင်မအောင်သာ ကျောက်တိုင်အကြောင်းကိုပါ ရှင်းလင်းတင်ပြထားပါတယ်။ တနင်္သာရီမြို့ (၃၂) မြို့ရဲ့ ရှေးအမွေအနှစ်များအကြောင်းကိုလည်း တင်ပြထားပါတယ်။

ဒုတိယတွဲမှာတော့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ပြည့်ပြည့်စုံစုံဖတ်ရမှာပါ။ နဂါးလှေတော်ဓလေ့၊ မင်္ဂလာဧဇာခေါ်ခြင်း၊ ဝဲဘွဲ့ဖွဲ့ဆိုခြင်းနဲ့ ရေလယ်သံအကြောင်းတို့ကို သိမှတ်ရမှာဖြစ်သလို မင်္ဂလာဆောင်ယဉ်ကျေးမှုဓလေ့တခုဖြစ်တဲ့ ကွမ်းထည့်မင်္ဂလာဓလေ့ကိုလည်း သိမှတ်ရမှာပါ။

တနင်္သာရီရဲ့ ရှေးဟောင်းသားချော့တေး၊ ထမင်းခွံ့မင်္ဂလာ၊ မင်္ဂလာဂေါင်စည်အတီးအက၊ ဆေးမင်ကြောင်ဓလေ့၊ မီးကြာခွက်မျှောဓလေ့၊ ကုလားကျားလို့လူသိများတဲ့ လူကျားကဓလေ့နဲ့ တနင်္သာရီစကားတို့ကို ဖတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီအတွဲမှာပဲ တနင်္သာရီဒေသသားတို့ မွေးဖွားတာကနေ ကွယ်လွန်တဲ့အထိ ရိုးရာဓလေ့အကျဉ်းကိုလည်း ဖော်ပြထားပါတယ်။

တတိယတွဲမှာတော့ တနင်္သာရီဘူမိဗေဒဖြစ်စဉ်၊ လူရေစီးကြောင်းပြမြေပုံ၊ ကုန်သွယ်‌ရေးကွန်ရက်ပြမြေပုံတို့ကို တင်ပြထားတာမို့ ခေတ်အမြင်အတွေးတို့ကိုလည်း တွေ့မြင်နိုင်တဲ့စာအုပ်တစ်အုပ်ပါ။

ဒါ့အပြင် တနင်္သာရီနဲ့ထိတွေ့ဆက်ဆံခဲ့ရတဲ့ ထိုင်းမင်းဆက်များသမိုင်း၊ တနင်္သာရီမြို့ဟောင်းပြမြေပုံ၊ တနင်္သာရီအကြောင်း နိုင်ငံခြားသားမှတ်တမ်းတွေကိုလည်း ရှာဖွေတင်ပြထားတာမို့ မြို့အတွက်ရော၊ တိုင်းဒေသကြီးအတွင်းက သမိုင်းဝါသနာရှင်များအတွက်ပါ တန်ဖိုးထားသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။

မှန်းထောန်း (ထားဝယ်ထမင်းထောင်း)

August 28, 2025,

ရနောင် (ဒွယ်)

ကျွန်တော်တို့နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာမဆို ပြည်ပစားသောက်ယဉ်ကျေးမှုတွေရဲ့ အရှိန်အဟုန်ပြင်းစွာနဲ့ ထိုးဖောက်လွှမ်းမိုးနေမှုဒဏ်ကို ခံနေရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီ လွှမ်းမိုးမှုကို နယ်စပ် ဒေသတွေက ပိုခံနေရတာပါ။
ဒီလို အခြေနေမျိုးမှာ ကိုယ့်ဒေသရဲ့ ရှိနေပြီးသား ကိုယ်ပိုင် အစားအသောက် ယဉ်ကျေးမှုတစ်ရပ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ကလည်း သိပ်ကို အရေးကြီးပါတယ်။
ကိုယ့်ဒေသ ရိုးရာအစားအစာတစ်ခုကို လူသိပိုများလာပြီး ဆက်လက်ရှင်သန်နေအောင် ဆောင်ရွက်ဖို့က ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်မြင်မိပါတယ်။ ကျွန်တော်တို့ အားလုံး ဂရုပြုကြရမှာပါ။

ထား၀ယ်ရာဇ၀င်

July 30, 2025,

Tanintharyi Gallery

ဒီတစ်ပတ် Tanintharyi Gallery ပရိသတ်များအတွက် သတင်းစကားပါးချင်တဲ့စာအုပ်ကတော့ “ထားဝယ်ရာဇဝင်” စာအုပ်ပဲ ဖြစ်ပါတယ်။
ဒီစာအုပ်က သက္ကရာဇ် ၁၁၃၉ ခုနှစ်၊ ဝါဆိုလ ( ၁၇၇၇ခုနှစ်၊ ဇူလိုင် ) ကုန်းဘောင် စတုတ္ထမင်းဆက်ဖြစ်တဲ့ စဉ့်ကူးမင်းလက်ထက် စစ်ကိုင်းဆင်နင်းတိုက်မှာ ရေးကူးထားတဲ့ ထားဝယ်ရာဇဝင် (ပေမူ တဗစ-၇၇၈၁)ပဲ ဖြစ်ပါတယ်။
ဒီစာအုပ်ကို သမိုင်းပါမောက္ခ ဒေါက်တာနန်းလှိုင်က တည်းဖြတ်ထားပြီး Kayin Study Centre စာပေက ထုတ်ဝေထားတာ ဖြစ်ပါတယ်။ စာမျက်နှာ ၁၁၄ မျက်နှာရှိပြီး တန်ဖိုး ကျပ် ၁၅၀၀၀ ဖြစ်ပါတယ်။
ဒီစာအုပ်ကို လေ့လာတဲ့အခါ အပိုင်း ၃ ပိုင်းပါဝင်တာ တွေ့ရပါတယ်။
“ထားဝယ်ဒေသသမိုင်း” ၊ “မြန်မာရာဇဝင် စာပေနှင့် ထားဝယ်ရာဇဝင်” နဲ့ “ထားဝယ်ရာဇဝင်” တို့ ဖြစ်ပါတယ်။ ထားဝယ်ဒေသသမိုင်းနဲ့ မြန်မာရာဇဝင်စာပေနှင့် ထားဝယ်ရာဇဝင်တို့ဟာ တည်းဖြတ်သူ ဒေါက်တာနန်းလှိုင်ရဲ့စာတမ်းတွေဖြစ်ပြီး ထားဝယ်ရာဇဝင်ကတော့ ပေမူကနေ ကူးထားတာကို တည်းဖြတ်ထားတာ ဖြစ်ပါတယ်။
“ထားဝယ်ရာဇဝင်” လို့ အမည်တပ်ရခြင်းနဲ့ပတ်သက်ပြီး ဆရာနန်းလှိုင်က “ ရှေးခေတ် ပျို့ကဗျာ လင်္ကာမော်ကွန်းဧချင်းနှင့် ကျောက်စာတို့၌ ထားဝယ်ကို စာလုံးပေါင်းကြရာ၌ ဒါးဝယ်၊ ဓားဝယ်၊ ဒဝယ်၊ ထဝယ်၊ တဝယ်” ဟူ၍ အမျိုးမျိုး တွေ့ရပြီး မူရင်း ဒါးဝယ်ရာဇဝင်၌ ဒါးဝယ်ဖြင့် ရေးသားသည်ကို တွေ့ရပါသည်။
ယခုတည်းဖြတ်သည့်အခါ ယနေ့ခေတ်စာလုံးပေါင်းကိုသာ အတည်ပြု ရေးသင့်သည့်အတွက် မျက်မှောက်ခေတ်ရေးထုံးအတိုင်း ထားဝယ်ရာဇဝင်ဟု အမည်တပ်ရခြင်း ဖြစ်ပါသည်”လို့ ရှင်းပြထားပါတယ်။
“ထားဝယ်ဒေသသမိုင်း” စာတမ်းမှာတော့ ထားဝယ်စာလုံးပေါင်း၊ မနုဿဗေဒဆိုင်ရာ ထားဝယ်လူမျိုး၊ သမိုင်းကြိုခေတ်နှင့် သမိုင်းဦးကာလ ထားဝယ်၊ ပုဂံခေတ် ထားဝယ်၊ အင်းဝခေတ် အထောက်အထား၊ တောင်ငူခေတ် ထားဝယ်သမိုင်း အထောက်အထားများ၊ ညောင်ရမ်းခေတ် ထားဝယ်၊ ကုန်းဘောင်ခေတ် ထားဝယ်၊ ဗြိတိသျှကိုလိုနီခေတ် ထားဝယ်နဲ့ မြန်မာမှုနယ်ပယ်မှ ထားဝယ်တို့ကို လေ့လာတင်ပြထားပါတယ်။
အချိန်တိုအတွင်းမှာ ထားဝယ်ဒေသသမိုင်းကို လျှပ်တစ်ပြက်လေ့လာ နိုင်တဲ့ စာတမ်းတစ်စောင်လည်း ဖြစ်ပါတယ်။
နောက်စာတမ်းတစ်စောင်ကတော့ မြန်မာရာဇဝင်စာပေနှင့် ထားဝယ်ရာဇဝင်စာတမ်းကတော့ မြန်မာသမိုင်းနယ်ပယ်က မြန်မာရာဇဝင်များအကြောင်းနဲ့ ထားဝယ်ရာဇဝင်ကို ဆက်စပ်ပြထားတာ ဖြစ်ပါတယ်။
ဒါးဝယ်ရာဇဝင်နဲ့ပတ်သက်ပြီး “ထွက်ပေါ်ခဲ့သော ရာဇဝင်အစောင်စောင်တို့အနက် ရာဇဝင်ကျော်ကဲ့သို့ ရာဇဝင်ငယ်တစ်စောင်ဟု ဆိုနိုင်ပါသည်” လို့ “ ဒါးဝယ်ရာဇဝင် မိတ်ဆက်” မှာမှတ်ချက်ပြုထားပါတယ်။
ထားဝယ်ရာဇဝင်ပေမူကို အကျဉ်းချုပ်လေ့လာနိုင်တဲ့ စာတမ်းတစ်စောင်လို့ ဆိုချင်ပါတယ်။
ဒီနောက်မှာတော့ ပေမူကနေ ကူးထားတဲ့ ထားဝယ်ရာဇဝင်ကို တည်းဖြတ်ဖော်ပြထားပါတယ်။
ထားဝယ်ရာဇဝင်ပေမူမှာပါတဲ့ အကြောင်းအရာတွေကို တည်းဖြတ်ဖော်ပြရာမှာတော့ ကျမ်းဦး ဘုရားကန်တော့ခန်း၊ နရပတိစည်သူမင်း ထားဝယ်သို့ တိုင်းခန်းလှည့်ရောက်ရှိခြင်း၊ ထားဝယ်ကို တည်ထောင်ခြင်း၊ ထားဝယ်မင်းဆက်များ၊ ဝယ်ဒီမြို့ကို တည်ထောင်ခြင်း၊ စနန်းတောင်နှင့် ကနိုင်းငယ်မြို့ကို တည်ထောင်ခြင်း၊ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်လက်ထက် ထားဝယ်အရေး၊ ထားဝယ်မြို့ဝန်အုပ်ချုပ်ရေးအစဉ်အဆက်(အေဒီ ၁၅၇၈ -၁၆၉၄)၊ ထားဝယ်မြို့သစ် သာရာဝဒီကို တည်ထောင်ခြင်း၊ ဝယ်ဒီမြို့တွင် မြို့ရွာစားများခန့်ထားခြင်း၊ အလောင်းမင်းတရားလက်ထက် ထားဝယ်၊ အလောင်းမင်းတရားလက်ထက် ထားဝယ်မြို့ဝန်များ၊ တောင်ငူခေတ် ထားဝယ်အုပ်ချုပ်ရေး၊ အခွန်တော်နှင့် အသုံးစရိတ်များဆိုပြီး အကြောင်းအရာ ၁၃ ခု ဖော်ပြထားတာ တွေ့ရပါတယ်။
တက္ကသိုလ်များ စာကြည့်တိုက်မှာ ပေမူအဖြစ်၊ ပေမူကိုကူးထားတဲ့ လက်ရေးမူကနေ အများပြည်သူဖတ်ရှူလေ့လာခွင့်ရအောင် စာအုပ်အဖြစ် တည်းဖြတ်ထုတ်ဝေနိုင်ခဲ့တဲ့အတွက် ဒေသ သမိုင်းအတွက် များစွာ အထောက်အကူပြုပါတယ်။
ထားဝယ်ဒေသသမိုင်းလေ့လာသူ၊ စာချစ်သူတို့ ဖတ်မှတ်သိမ်းထားသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွှန်းဆိုအပ်ပါတယ်။

၁၉၅၀ တုန်းက ထားဝယ်ဒေသမှ ကရင်လူမျိုး

July 18, 2025,

Tanintharyi Gallery

တနင်္သာရီဒေသမှာ ရှေးယခင်ကတည်းက လူမျိူးပေါင်းစုံ နေထိုင်ကြတယ်ဆိုတဲ့ အကြောင်းအရာကိုဖော်ပြနေတဲ့ မှတ်တမ်းဓာတ်ပုံ အဖြစ်ဖော်ပြလိုက်ပါတယ်။

ဖော်ပြပါ ဓာတ်ပုံတွေမှာ ၁၉၅၀ ခုနှစ်က ထားဝယ်ဒေသရှိ ကရင်လူမျိုးပုံတွေလို မှတ်တမ်းတင်ထားတဲ့ 𝐆𝐨𝐬𝐬, 𝐋𝐨𝐮𝐢𝐬 𝐀𝐥𝐥𝐚𝐧 က 𝐌𝐮𝐬𝐞𝐮𝐦 𝐨𝐟 𝐚𝐫𝐜𝐡𝐚𝐞𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐚𝐧𝐭𝐡𝐫𝐨𝐩𝐨𝐥𝐨𝐠𝐲 မှာ ဖော်ပြထားပါတယ်။

 

အသက် ၈၀ကျော် တံတားကြီး၏ ပင်စင်ချိန်

July 1, 2025,

ဧသင်

တချိန်က ဗြိတိသျှတို့ တည်ဆောက်ခဲ့သော တံတားကြီးသည် ယခုမူ အနားယူနေပြီ။ သူ၏ နံဘေးကပ်ရက်သား တွင် တံတားအသစ်တစင်းက တံတားဟောင်းကြီး၏ တာဝန်ကို လက်လွှဲယူလိုက်လေပြီ။
ကလိန်အောင်တံတားဟု လူသိများကြသည့် တချိန်က တံတားဟောင်းသည် ပေ ၅၀၀ ကျော်ခန့်ရှည်သည်။ တံတားကြီး၏ ဗိသုကာ ဒီဇိုင်း၊ တည်ဆောက်ထားဟန်မှာ လှပပါသည်။
သို့သော် တလမ်းမောင်းသာဖြစ်၍ ယာဉ်မောင်းများအတွက် တဖက်က ယာဉ်ကြောကို စောင့်ရခြင်း၊ ယာဉ်ကြောလုရခြင်းမျိုး၊ ခရီးသည်များကို လမ်းဆင်းလျှောက်ခိုင်းရခြင်းမျိုး၊ ကားအမိုးနှင့် တံတားဘောင်မလွတ်ခြင်းမျိုး၊ တံတားခံနိုင်ဝန်ကြောင့် တင်ဆောင်လာသော ပစ္စည်းများကို အခြားယာဉ်များနှင့် ကဲ့ယူရခြင်းမျိုး အမျိုးမျိုးသော အခက်အခဲများစွာကို တံတားဟောင်းကြီးကို ဖြတ်သန်း၍ မောင်းနှင်ခဲ့ဖူးကြသော ယာဉ်မောင်းများ ကြုံခဲ့ရကြပေမည်။
တံတားကြီး၏ ကြမ်းခင်းမှာ သစ်သားဖြစ်၍ ကားဘီးအတွက် သီးသန့် လမ်းကလေး နှစ်ခုသာရှိခဲ့သည်။ ဆိုင်ကယ်များ၊ စက်ဘီးများ သစ်သားကြမ်းခင်းကြား ဘီးကျွံတတ်ကြသည်။ လူသွားလမ်းသီးသန့်မရှိ။
ယခင်က ဆိုလျှင် သုံးဘီးဆိုင်ကယ်များအတွက် ဖြတ်သန်းရ ခက်ခဲ့သည့် ကာလတခုရှိခဲ့သည်။
ထားဝယ်မြစ်၏ မြစ်ဖျား မိကျောင်းလှောင်းချောင်းနှင့် ဇင်းဘာချောင်းတို့ ပေါင်းစု၍ စီးသည့် ကလိန်အောင်ချောင်းကြီးကို ဖြတ်သန်းတည်ဆောက်ထားခဲ့သည့် တချိန်ကတံတားကြီး။ ရာသီဥတုကြည်လင်လျှင် တံတားကြီးပေါ်မှ ရှင်ကိုးရှင်စာရင်းဝင် ဆံတော်ရှင် စေတီကို ဖူးတွေ့နိုင်သေးသည်။
တံတားကြီးကို တည်ဆောက်ခဲ့သည်မှာ ဗြိတိသျှခေတ်ကဖြစ်ပြီး တံတားဘောင်တွင် ရေးထိုးထားသည့် မှတ်တမ်းအရ ၁၉၃၆-၃၇ ဝန်းကျင်မှစ၍ တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသည်။ တာဝန်ယူ တည်ဆောက်ခဲ့သည့် ဌာနမှာ ထိုစဉ်က Burma P.W.D (Public Works Department) ဟုဆိုသည်။
မြန်မာဘာသာသို့သင်လျော်သလိုပြန်ဆိုရလျှင် မြန်မာ့ ပြည်သူ့ဆောက်လုပ်ရေးဌာန ဆိုရပေမည်။ သို့သော် တံတားကြီး၏ သံဘောင်များကို ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီမှာ The Motherwell Bridge & Engineering Co LD ဟုသိရသည်။
ထိုကုမ္ပဏီမှာ စကော့တလန်တွင် ရှိသည့် လမ်းတံတားဆောက်လုပ်ရေး ကုမ္ပဏီတခု ဖြစ်ပေမည်။ ခန့်မှန်းရလျှင် Burma P.W.D က ထို The Mother Well Bridge & Engineering ကုမ္ပဏီကို ကန်ထရိုက် ပေးခဲ့ဟန်တူပါသည်။
တံတားဘောင်ရှိမှတ်တမ်းတွင် စာချုပ် နံပါတ်ကိုပါဖော်ပြထားပြီး ၁၉၃၆၊ ၁၉၄၇ ဧပြီလ အစရှိသဖြင့် သက္ကရာဇ်များပါရှိသည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက တည်ဆောက်ပြီးစီး ခဲ့မည် ဟုထင်ပါသည်။
မည်သို့ဆောက်လုပ်ခဲ့သည်၊ မည်မျှကုန်ကျခဲ့သည်၊ ထိုသံဘောင်ကြီးများကို စကော့တလန်မှ ကလိန်အောင်သို့ မည်သို့ သယ်လာခဲ့သနည်း အစရှိသော မေးခွန်းများရှိနေသည်။
ဗြိတိသျှတို့လက်အောက်သို့ အစောဆုံးကျရောက်ခဲ့သော တနင်္သာရီဒေသတွင် ယနေ့တိုင်ရှိနေဆဲ တံတားကြီး၏ အတိတ်မှတ်တမ်းကို တူးဆွ ဖော်ထုတ် ပြုစု၍ သုတေသန ပြုသင့်ကာ မပျက်မစီးအောင် မွမ်းမံပြင်ဆင်ထား၍ ကိုလိုနီခေတ်သမိုင်းဝင် တံတားကြီးကို အများသူငှာလေ့လာနိုင်အောင် စီမံထားသင့်ပေသည်။
ဤတံတားကြီးနှင့် ပတ်သက်၍ တချိန်က မှတ်တမ်း မှတ်ရာမှာ ဓာတ်ပုံများ အမှတ်တရများကို မျှဝေရန်လည်း မေတ္တာရပ်ခံပါသည်။
အောက်ပါဓာတ်ပုံများမှာ လွန်ခဲ့သော ၂၀၁၃ နှင့် ၂၀၁၆ နှစ်ခန့်က ရိုက်ကူးထားခဲ့သော ပုံများသာဖြစ်ပါသည်။

ထားဝယ်မြို့ရှိ ထူးခြားတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်

June 29, 2025,

ရနောင် (ဒွယ်)

ဒီဘုရားရှိခိုးကျောင်းလေးကို ထူးခြားတယ်လို့ဆိုရတာဟာ တခြားဘုရားကျောင်းတွေလို အဆောက်အအုံ အရွယ်အစားကြီးမားပြီး အနုလက်ရာတွေအပြည့်အစုံနဲ့ တတ်ဆင်ဖွဲ့စည်းထားတာမျိုးကြောင့်မဟုတ်ပါဘူး ။
တကယ်တော့ ဒီကျောင်းလေးရဲ့အရွယ်အစားဟာ သေးငယ်ပါတယ် ။ အနုလက်ရာတွေလည်းများလှတယ်လို့ မဆိုသာပါဘူး ။ ဒါပေမယ့် ထူးခြားမှုကတော့ရှိနေတာပါ ။