မြန်မာအရေးနှင့် ထားဝယ်သံ

July 5, 2025,

ဧသင်

ယနေ့ ထားဝယ်သံတွင် သုံးနေဆဲဖြစ်သော လဆွဲသံပါ စာလုံးများအားလုံး မြန်မာစာတွင် ရှိချင်မှ ရှိမည် ဖြစ်ပါသည်။ ယခုဖော်ပြသော အဆက်အစပ်အတိုင်းလည်း ထပ်တူ အဓိပ္ပါယ် ကျချင်မှကျမည် ဖြစ်သည်။
ဥပမာ – မြန်မာစာတွင် ပြု သည် တခုခုပြုလုပ်သည်ဟု နားလည်နိုင်ပြီး ထိုစာလုံးကို ရရစ်ဖြုတ်ကာ လဆွဲဗျည်းတွဲထည့်၍ အသံထွက်ကြည့်လျှင် ပ္လု ဟုထွက်မည်ဖြစ်ပြီး ထားဝယ်စကားတွင် ပြုတ် (ချက်ပြုတ်၊ ပြုတ်ကျ ဟူသော အဓိပ္ပါယ်မျိုး ရှိသည်။ ဤသို့သော အဓိပ္ပါယ်ကွဲလွဲမှုမျိုးရှိတတ်သည်ကို သတိချပ်မိသည်။
လဆွဲဗျည်းတွဲနေရာတွင် ယပင့် နှင့် ရရစ် အစားထိုးလာခြင်း အဆက်အစပ်နှင့် မြန်မာစာနှင့် ထားဝယ်သံ အကြား အဆက်အစပ်ကို ချိတ်ဆက်နားလည်ကြည့်မိခြင်းကလည်း ထားဝယ်သံကို မြန်မာစာသုံး၍ ရေးကြည့်လျှင် မည်သို့ရှိမည်ကို တွေးဆရာရာတွင် အထောက်အကူပြုမည်ဟု ထင်ပါသည်။

ထားဝယ်မြို့ရှိ ထူးခြားတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်

June 29, 2025,

ရနောင် (ဒွယ်)

ဒီဘုရားရှိခိုးကျောင်းလေးကို ထူးခြားတယ်လို့ဆိုရတာဟာ တခြားဘုရားကျောင်းတွေလို အဆောက်အအုံ အရွယ်အစားကြီးမားပြီး အနုလက်ရာတွေအပြည့်အစုံနဲ့ တတ်ဆင်ဖွဲ့စည်းထားတာမျိုးကြောင့်မဟုတ်ပါဘူး ။
တကယ်တော့ ဒီကျောင်းလေးရဲ့အရွယ်အစားဟာ သေးငယ်ပါတယ် ။ အနုလက်ရာတွေလည်းများလှတယ်လို့ မဆိုသာပါဘူး ။ ဒါပေမယ့် ထူးခြားမှုကတော့ရှိနေတာပါ ။

မြန်မာအရေးနှင့် ထားဝယ်သံ

June 27, 2025,

ဧသင်

ပုဂံခေတ်မှ အင်းဝခေတ်တိုင် ရေးသားခဲ့သော မြန်မာစာများတွင် (ကျောက်စာများအရ) လဆွဲဗျည်းတွဲကို သုံးသည်ကို တွေ့ရသည်။ မြန်မာစာအဖွဲ့ကလည်း ဤအချက်ကို ဖော်ပြထားသည်။
သို့ရာတွင် သက္ကရာဇ် ၈၀၀ ကျော်လာသောအခါ ထိုအသုံးများ ပျောက်သွားသည်။ ပျောက်သွားရသည့် အကြောင်းရင်းမှာလည်း အသံထွက် ရွေ့လျောမှုကြောင့် ဖြစ်ရာသည်ဟူ၍ မြန်မာစာအဖွဲ့က မှန်းဆထားသည်။
လဆွဲဗျည်းတွဲများ ပျောက်သွားသော်လည်း သူတို့၏ နေရာတွင် ယပင့် နှင့် ရရစ် အစားထိုးဝင်ရောက်လာသည်ဟု ဆိုသည်။ လဆွဲဗျည်းတွဲများကို ကဝဂ်ဗျည်း နှင့် ပဝဂ်ဗျည်း နှင့် ယှဉ်သုံးခဲ့ကြကြောင်း ရှေ့က ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ မြန်မာစာအဖွဲ့၏ ဖော်ပြချက်အရ ယခင်က မြန်မာစာ အရေးသားတွင် ကဝဂ်ဗျည်း နှင့် လဆွဲဗျည်းတွဲ ယှဉ်၍ သုံးစွဲခဲ့ရာမှ နောက်ပိုင်းတွင် လဆွဲနေရာတွင် ယပင့် ကို သုံးလာပြီး ပဝဂ်ဗျည်းနှင့်ယှဉ်သုံးသော လဆွဲနေရာတွင်မူ ရရစ်ကို ပြောင်းလဲသုံးစွဲလာခဲ့ကြောင်း သိရသည်။
ဥပမာ – က္လ မှသည် ကျ သို့ ပြောင်းခြင်း
ပ္လု မှသည် ပြု သို့ ပြောင်းခြင်း။
ဤအပြောင်းအလဲတွင် မြန်မာစာအရေးနှင့် ထားဝယ်အပြောသံ အဆက်အစပ်တစ်ခုကို မြင်လိုက်ရသည်။
မြန်မာစာတွင် ကျ သည်ဟု ဆိုသော် ထားဝယ်က က္လ ဟု ဆိုသည်။
ဥပမာ
အားကျ (မြန်မာစာ) အားက္လ (ထားဝယ်သံ)
မြန်မာစာတွင် ဖြူ သည်ဟုဆိုသော် ထားဝယ်တွင် ဖ္လူ ဟု ဆိုပါသည်။
ဥပမာ
ဆင်ဖြူ (မြန်မာ) ဆင်ဖ္လူ (ထားဝယ်သံ)
သို့ရာတွင် ယနေ့ ထားဝယ်သံတွင် သုံးနေဆဲဖြစ်သော လဆွဲသံပါ စာလုံးများအားလုံး မြန်မာစာတွင် ရှိချင်မှ ရှိမည် ဖြစ်ပါသည်။ ယခုဖော်ပြသော အဆက်အစပ်အတိုင်းလည်း ထပ်တူ အဓိပ္ပါယ် ကျချင်မှကျမည် ဖြစ်သည်။
ဥပမာ – မြန်မာစာတွင် ပြု သည် တခုခုပြုလုပ်သည်ဟု နားလည်နိုင်ပြီး ထိုစာလုံးကို ရရစ်ဖြုတ်ကာ လဆွဲဗျည်းတွဲထည့်၍ အသံထွက်ကြည့်လျှင် ပ္လု ဟုထွက်မည်ဖြစ်ပြီး ထားဝယ်စကားတွင် ပြုတ် (ချက်ပြုတ်၊ ပြုတ်ကျ ဟူသော အဓိပ္ပါယ်မျိုး ရှိသည်။ ဤသို့သော အဓိပ္ပါယ်ကွဲလွဲမှုမျိုးရှိတတ်သည်ကို သတိချပ်မိသည်။
လဆွဲဗျည်းတွဲနေရာတွင် ယပင့် နှင့် ရရစ် အစားထိုးလာခြင်း အဆက်အစပ်နှင့် မြန်မာစာနှင့် ထားဝယ်သံ အကြား အဆက်အစပ်ကို ချိတ်ဆက်နားလည်ကြည့်မိခြင်းကလည်း ထားဝယ်သံကို မြန်မာစာသုံး၍ ရေးကြည့်လျှင် မည်သို့ရှိမည်ကို တွေးဆရာရာတွင် အထောက်အကူပြုမည်ဟု ထင်ပါသည်။
ကျ နှင့် က္လ၊ ချ နှင့် ခ္လ စသော ကဝဂ်ဗျည်း အုပ်စု၏ အပြောင်းအလဲ နှင့် အဆက်အစပ်မှာ နားလည်လွယ်၍ မြန်မာ နှင့် ထားဝယ် အဓိပ္ပါယ် သိပ်မကွဲသေးသော်လည်း ပဝဂ်ဗျည်းအုပ်စုမှာမူ မတူကွဲပြားသော အဓိပ္ပါယ်အချို့ ထွက်သည်ကိုလည်း ဆင်ခြင်မိပါသည်။ ဆက်၍ လေ့လာရန်ကား ကျန်ပါသေးသည်။ စာရှုသူများလည်း တွေးဆကြည့်ပါကုန်။

တောင်ပွားဘုန်းကြီးကျောင်းထဲက သာသနိက အဆောက်အအုံများ

June 7, 2025,

ရနောင် (ဒွယ်)

တွေ့ရတဲ့ဘင်္ဂါလီပြသာဒ်တွေသိပ်လှတယ် ။ ခိုင်ခိုင်ခန့်ခန့်လည်းရှိပါသေးတယ် ။ အခုတော့ အားလုံး ကိုလိုနီခေတ်လက်ရာတွေအဖြစ်နဲ့ တပြေးတည်းတွေ့နေရပါပြီ ။
နှစ်ထပ်အုတ်တိုက်ကြီးက ပြူတင်းပေါက်ထိပ်ခုံးပန်းပြားတွေမှာ ကိုလိုနီခေတ်ကိုဖော်ညွှန်းအနုလက်ရာတွေတွေ့ရပါတယ် ။
အတွင်းပိုင်းအနေထားတွေကိုလေလာချင်သေးပေမယ့်လည်း အုတ်တိုက်ကြီးက တခါးအလုံးပိတ်ထားတာမို့ လက်လျှော့ပြီးပြန်ခဲ့ရပါတယ် ။

ဇရပ် ဓလေ့

June 5, 2025,

Tanintharyi Gallery

ထားဝယ်ဘုန်းကြီးကျောင်းဝင်းတွေထဲမှာ တွေ့ရလေ့ရှိတဲ့ ဇရပ်ဆောင်လေးတွေ။
ဒီဇရပ်ဆောင်တွေက အများအားဖြင့် ဘုန်းကြီးကျောင်း အစီအစဥ်နဲ့ ဆောက်လုပ်ထားတာမျိုး မဟုတ်ဘဲ ဒါယကာတွေက ကိုယ်ပိုင်အစီအစဥ်နဲ့ ဆောက်လုပ်ခဲ့ကြတာပါ။
ရည်ရွယ်ချက်က ဝါတွင်း ဥပုသ်ကာလတွေ၊ အခါကြီးရက်ကြီးတွေမှာ ဇရပ်မှာနေထိုင်ရင်း ဥပုသ်သီတင်း ဆောက်တည်နေထိုင်ကြဖို့ပါ။
အထူးသဖြင့် ဝါတွင်းဥပုသ်ရက်တွေမှာ စည်ကားနေတတ်ကြပါတယ်။
အခြားရက်တွေမှာတော့ အဲဒီဇရပ်ဆောင်တွေကို ပိတ်ထားလေ့ ရှိပါတယ်။ ဇရပ်ပိုင်ရှင်တွေ ကွယ်လွန်ဆုံးပါးသွားကြရင်လည်း သူတို့ရဲ့ မျိုးဆက်တွေက ဆက်ပြီး ထိန်းသိမ်းစောင့်ရှောက်လေ့ရှိသလို အချို့ကလည်း ဘုန်းကြီးကျောင်းကိုပဲ လှူဒါန်းလိုက်တာမျိုးလည်း ရှိပါတယ်။
ထားဝယ်ဒေသက ဘုန်းကြီးကျောင်းဝင်းတွေမှာ တွေ့ရလေ့ရှိတဲ့ ဇရပ်ဆောင်တွေက ပျဥ်ထောင်သစ်သားအဆောင်တွေ များပါတယ်။
ခုတော့လည်း ထားဝယ်ဒေသတချို့နေရာတွေမှာ ဇရပ်ဆောင်တွေက စစ်ရှောင်ပြည်သူတချို့ရဲ့ ယာယီခိုလှုံရာနေရာတစ်ခုအဖြစ် တွေ့လာရပါတယ်။
Tanintharyi Gallery ပရိသတ်ရဲ့ဝန်းကျင်က ဇရပ်ဆောင်လေးတွေအကြောင်းလည်း မျှဝေပေးစေလိုပါတယ်။

အိမ်ပြန် ခရီး / အီပ္လန် ခရီး

May 14, 2025,

ယောနသံ

ယောနသံရေးဖွဲ့ထားသည့် ကဗျာကို Tanintharyi Gallery မှ ထားဝယ်လို၊ ဗမာလိုတို့ဖြင့် ဖော်ပြလိုက်ပါသည်။
Tanintharyi Gallery ရဲ့ Re – Exploring Tanintharyi အစီစဉ်မှာ တနင်္သာဒေသမှ သမိုင်း ၊ အနုပညာ ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်၍ ပြန်လည်ဖော်ထုတ်ရန်အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ပါသည်။
ဒီတခါမှာတော့ ထားဝယ်လို ၊ ထားဝယ် ဘာသာစကားနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံ ဖြေရှာလာဖို့အတွက် ရည်ရွယ်ဖော်ပြလိုက်ခြင်းဖြစ်သည်။

လဆွဲဗျည်းတွဲ နှင့် ထားဝယ်စကားသံ

April 24, 2025,

ဧသင်

ထားဝယ်စကားသံကို အနီးစပ်ဆုံးရေးကြည့်နိုင်ရန် မြန်မာစာ အက္ခရာများနှင့် စားလုံးပေါင်းစနစ်များ ရှေးမြန်မာကျောက်စာ အချို့ပါ စာလုံးပေါင်းပုံ၊ ရေးပုံကို စူးစမ်းကြည့်မိပါသည်။
ဤသို့ ဖတ်ကြည့်နေရင်းမှ ရှေးကျောက်စာများတွင် (ယနေ့ခေတ်ထားဝယ်များ သုံးနေသေးသော) လဆွဲသံ အရေးများကို သတိထားမိခဲ့သည်။ ထိုလဆွဲဗျည်းတွဲများ နောက်ပိုင်းတွင် မတွေ့ရတော့ဘဲ ပျောက်သွားသည်ကို တွေ့ရသည်။
ပုဂံခေတ်မှသည် အင်းဝခေတ်အထိရှိပြီး နောက်ပိုင်းကျောက်စာများတွင် မတွေ့ရတော့ပေ။
ဤသည်မှာ ပြောသည့်လေသံ၊ စကားသံ ပြောင်းလဲသွားခြင်းကြောင့်ဟုလည်း ယူဆသူများရှိသည်။ သက္ကရာဇ် ၈၀၀ ကျော်ကာလတွင် လအသံတိမ်ကောသွားသည်ဟု ဆိုသည်။
စိတ်ဝင်စားဖွယ်တချက်မှာ လဆွဲဗျည်းတွဲများကို က ဝဂ်ဗျည်းများနှင့် ပဝဂ်ဗျည်းများနှင့် ယှဉ်သည်ဟု မြန်မာစာအဖွဲ့က ဖော်ပြသော အချက်ဖြစ်သည်။
ထိုအသုံးမှာ ယခင်က ကျောက်စာများတွင် တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် တိမ်ကောသွားသည်ဟုလည်း ဆိုထားသည်။
ထားဝယ်စကားသံတွင် လဆွဲ အသံသည် က ဝဂ်ဗျည်းအချို့ နှင့် ပ ဝဂ်ဗျည်းအချို့ သုံး၍ပြောသည့် စကားသံတွင် ရှိနေခြင်းပင်။
ဥပမာ –
က ဝဂ်ဗျည်းများတွင် က နှင့် ခ
/က္လ/ = ကျ။
/ခ္လ/ = ချ။ (ဂ၊ ဃ၊ င အသံတွင်မထင်ရှား)
ပ ဝဂ်ဗျည်းများတွင် ပ၊ ဖ၊ ဗ၊ ဘ နှင့် မ
/ပ္လန်/ = ပြန်
/ဖ္လူ/ = ဖြူ
/ဗ္လု/ /ဘ္လု/ = ပေါ့ရွှတ်ရွှတ်အရသာ
/မ္လီ/ = မြိန်
ထားဝယ်စကားသံကို မြန်မာစာနှင့် ရေးကြည့်လိုလျှင် ယခင်ပုဂံခေတ်မှ အင်းဝခေတ်အထိ အသုံးရှိခဲ့ဖူးသော လဆွဲဗျည်းတွဲများ သုံးပုံကိုကြည့်၍ စာလုံးပေါင်းကြည့်လျှင် နီးစပ်မည်ဟု ယူဆရသည်။
ဤလဆွဲသံမှာ ထားဝယ် စကားသံ၏ တမူထူးခြားသော လက္ခဏာတခုလည်း ဖြစ်ပါသည်။
 
📍ကိုးကား – https://web.archive.org/web/20180721073327/http://www.myanmarlanguagecommission.myn.asia/

ရှေးကျောက်စာအရေး နဲ့ ထားဝယ်စကားသံ

April 20, 2025,

ဧသင်

ဆရာဇော်ဂျီက ထားဝယ်တေးဟောင်းများ အကြောင်းရေးသားခဲ့ရာတွင် ထားဝယ်ဖက်တွင် ပြောကြသော စကားသံသည် ပုဂံခေတ် ကောင်းစားစဉ်အခါက ရေးထိုးခဲ့သော ကျောက်စာများရှိ မြန်မာစကားအချို့ နှင့် ဆင်တူ သည်ဟု ထည့်သွင်းခဲ့သည်။
ဆရာက လက်သည်းရှည်ဘုရားကျောက်စာတွင် မြေကို ‘မ္လေ’ ၊ ကျောင်းကို ‘က္လောင်း’ ဟု ဖော်ပြထားကြောင်း ဖော်ပြခဲ့သည်။ ဤသည်မှာ ထားဝယ်ဖက်က ပြောသံနှင့် ဆင်တူသည်ဟု ဆိုသည်။

တနင်္သာရီမြို့ရှိ ရှေးဟောင်းမြို့ရိုးကြီးများ

March 25, 2025,

ရနောင် (ဒွယ်)

တနင်္သာရီမြို့ဟာ ထူးခြားသလောက်ပဟေဠိလည်းဆန်ပါတယ် ။ ဒီမြို့ကို ဘယ်မင်းက ဘယ်အချိန်မှာတည်ထောင်ခဲ့ပြီး ဘယ်လိုအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသိရဖို့ ရာဇဝင်အကြောင်းအရာတွေကလွဲပြီး ခေတ်ပြိုင်အထောက်ထား အတော်လေး ရှားပါး တယ်လို့ဆိုပါတယ် ။
မြန်မာ့သမိုင်းအလယ်ခေတ်လောက်က တနင်္သာရီမြို့ အခြေအနေ ကိုခေတ်ပြိုင်မှတ်တမ်းတချို့မှာတွေ့နေရပေမယ့် ခေတ်ဦးပိုင်းအထောက်ထားတွေကို မတွေ့ခဲ့ရတာနေမှာပါ ။
ဒါပေမယ့်လည်း ရှေးဟောင်းသုတေသနတူးဖော်မှုအစီရင်ခံစာ ( ၁၉၉၈ – ၁၉၉၉ ) ကတော့ တနင်္သာရီမြို့ရိုးကို အေဒီ ၁၂ / ၁၃ ရာစု ( ပုဂံခေတ် ) လောက်မှာတည်ဆောက်ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ် ။

ထားဝယ်မဂ္ဂဇင်းက ရုပ်ပြ

March 19, 2025,

လွန်ခဲ့တဲ့ ၄၅ နှစ်ကျော်မှ ထုတ်ဝေတဲ့ ထားဝယ်မဂ္ဂဇင်းက ရုပ်ပြပါ။

ဒီရုပ်ပြလေးမှာ ထားဝယ်ဒေသထွက် အစားစရာတွေဖြစ်ကြတဲ့ ဒူးယင်းယို ၊ ထားဝယ် ငါးပိ ၊ ထားဝယ် ငါးပုတ်ခြောက် ကို မှာယူနေကြတာ နားလည်ပါတယ်။

ထူးဆန်းဖြစ်နေတာက ဘာဖြစ်လို့ ထားဝယ်ကို ဖိနှပ်မှာယူနေတာလဲဆိုတာက တွေးမိစရာ ဖြစ်လာလို့ပါ။

သိမီသူတွေ မျှ၀ေကြပါဦး ။